အီရန်က IS စစ်သွေးကြွအဖွဲ့ဝင်ကိုးဦးကို ကွပ်မျက်
တီဟီရန်၊ ပြည်တွင်းရေး
အီရန်အစိုးရက ၂၀၁၈ ခုနှစ်တွင်ဖြစ်ပွားသော တော်လှန်ရေးအစောင့်တပ်ဖွဲ့များ အပေါ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ IS စစ် သွေးကြွအဖွဲ့ဝင်ကိုးဦးကို ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း ဇွန်လ ၁၀ ရက်တွင်ထုတ် ပြန်ထားသည်။
ထိုစစ်သွေးကြွအဖွဲ့ဝင်များကိုကွပ်မျက်ရန် အီရန်တရားရုံးချုပ်က ဇွန်လ ၁၀ ရက်တွင်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း Mizan သတင်းဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
၂၀၁၈ ခုနှစ်တွင် နိုင်ငံအနောက်ပိုင်း၌ ဖြစ်ပွားသော စစ်သွေးကြွများ၏တိုက်ခိုက် မှုအတွင်း အီရန်တော်လှန်ရေးအစောင့် တပ်ဖွဲ့ဝင်သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသည်။ ထို့နောက် တာဝန်ရှိသူများက စစ်သွေးကြွများပုန်းခိုရာနေရာရှိပတ်ဝန်းကျင်တစ်ဝိုက်ကိုပိတ်ဆို့ပြီး ရှာဖွေမှုများလုပ်ဆောင်ရာ စက်သေနတ်တစ်လက်နှင့်အတူ လက်ပစ်ဗုံးအလုံး ၅၀ အပါ အဝင် တိုက်ခိုက်ရေးလက်နက်များသိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။
IS စစ်သွေးကြွအဖွဲ့သည် အီရန်နိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုများစွာကိုလုပ်ဆောင်ထားရာ ထိုအထဲ၌ ၂၀၂၄ ခုနှစ်တွင် လူပေါင်း ၉၄ ဦးသေဆုံးရသည့် အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှစ်ခုလည်းပါဝင်ကြောင်း သိရသည်။
Ref: SCMP
Photo - Al Jazeera