ပြင်သစ်နိုင်ငံရှိကျောင်းတစ်ကျောင်းတွင် အသက် ၁၄ နှစ်ရှိကျောင်းသားတစ်ဦးက ဓားထိုးတိုက်ခိုက်

News Image

  • ပြင်သစ်နိုင်ငံရှိကျောင်းတစ်ကျောင်းတွင် အသက် ၁၄ နှစ်ရှိကျောင်းသားတစ်ဦးက ဓားထိုးတိုက်ခိုက်

ပဲရစ်၊ မှုခင်း

ပြင်သစ်နိုင်ငံရှိ အလယ်တန်းကျောင်း တစ်ကျောင်း၌ ဇွန်လ ၁၀ ရက်တွင် ဆရာမတစ်ဦးက ပုံမှန်အတိုင်းလွယ်အိတ်များကိုစစ်ဆေးစဉ် အသက် ၁၄ နှစ်ရှိ ကျောင်းသားတစ်ဦးက ဓားထိုးတိုက်ခိုက်မှုကို ကျူးလွန်လိုက်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်သည် ဥထမန်းနယ်မြေ၌ဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ခိုက်ခံရသည့် ဆရာမကို ဆေးရုံသို့အမြန်ဆုံးပို့ဆောင်ခဲ့သော်လည်း ရရှိသည့်ဒဏ်ရာများဖြင့်ပင် သေဆုံးသွားခြင်းဖြစ်သည်။ ထို့ပြင် တိုက်ခိုက်သူကိုဖမ်းဆီးရာတွင်ပါဝင်သည့် အရာရှိတစ်ဦးသည်လည်း ဒဏ်ရာရရှိသွားသည်ဟု ပြည်တွင်းသတင်းဌာနတစ်ခုကဖော်ပြ ထားသည်။

ပြင်သစ်နိုင်ငံတစ်ဝန်း၌ ဓားဖြင့်တိုက်ခိုက်မှုများ တိုးပွားလာနေစဉ် ကျောင်းသားများ၏ လွယ်အိတ်များကို ရှာဖွေမှုများလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောထားသည်။

Ref: RT

Photo - France 24