ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တို့တွင် အကြမ်းဖက်အဖွဲ့များမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်

News Image

  • ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တို့တွင် အကြမ်းဖက်အဖွဲ့များမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သမားများမှ ဌာနဆိုင်ရာရုံးများအား တိုက်ခိုက်ဖျက်ဆီးခြင်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက် နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာအုပ်စု၊ ဥယျာဉ်ကုန်းကျေးရွာ ရာအိမ်မှူး ဦးမြင့်အောင်အား အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)မှ ဆိုင်ကယ် ငါးစီးဖြင့် ဥယျာဉ်ကုန်းကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း။
 အလားတူ ဇွန် ၉ ရက် နံနက် ၆ နာရီ ၃၂ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မိကျောင်းလှောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးထွန်းကြွယ်ထံသို့ KNU တပ်မဟာ(၄) နယ်မြေတာဝန်ခံ စောတာနော်နော်မှ “ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၄)(၆/၂၀၂၅)အတွက် ကျေးရွာအတွင်း ပုံစံ(၂)ဖြန့်ဝေသည့်ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု၊ ကလုံးထာကျေးရွာမှ လော့သိုင်းကျေးရွာအုပ်စု၊ မလွှဲတောင်အထိ လုံခြုံရေးယူထားကြောင်း၊ ကလုံးထာကျေးရွာမှ မလွှဲတောင်အထိ စစ်မှုထမ်းခေါ်ခွင့်မပေးနိုင်ကြောင်း၊ ဆက်လက်ဆောင်ရွက်ပါက ဖြစ်လာသည့်ပြဿနာအား ၎င်းကို အဆိုးမဆိုနဲ့” ဟုဖုန်းဖြင့်ဆက်သွယ်၍ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

MOHA