ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ ငွေကျပ် ၂၇၆ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၃)၊ နယ်မြေ(၁၀)၊ ကြာနီလမ်းပေါ်၌ သိန်းစိုးအောင်(ခ)အားဝေ(၂၉)နှစ်အား ရှာဖွေစစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၀,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၁၅၀) ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဇွန် ၁၀ ရက် မွန်းတည့် ၁၂ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချပေးသူ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၂၀)၊ ခိုင်ရွှေဝါလမ်းနေ လောဝ်ဝူ(ခ)လီမင်ချိန်(၃၆)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၈၀၀ ပြား(တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၁၀၄ သိန်း)နှင့် ပလတ်စတစ်ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၁၁၀ ဂရမ်(တစ်ဂရမ်လျှင် ၂၀,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၂၂ သိန်း) ဖမ်းဆီးရမိခဲ့သဖြင့် သိန်းစိုးအောင်(ခ)အားဝေနှင့် လောဝ်ဝူ(ခ)လီမင်ချန်တို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA