16 August 2025၂၀၂၅ ခုနှစ်၊ ဩဂုတ် ၆ ရက် မွန်းလွဲ ၃ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာအနီး၌ ကလေးမြို့မှ လက်ပံချောင်းကျေးရွာဘက်သို့ ဝင်းကိုကို(ခ)အဲကိုမှ ဆိုင်ကယ် ဆိုက်တွဲဖြင့် သယ်ဆောင်လာသည့် ဂျပ်ဖာများဖြင့်ထည့်လျက် ဘိန်းဖြူ ၁၅ ဒသမ ၀၇ ကီလို (တစ်ကီလိုလျှင် သိန်း ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၇,၅၃၅ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉၂ သိန်း (တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၉၈၄ ဘီလီယံ) တို့အား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၇ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေးမှ ကလေးသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာပြီး လွှဲပြောင်းပေးအပ်ခဲ့သည့် တိုးတက်အောင် (ခ)မဲလုံးနှင့် အောင်ခန့်ဇော်(ခ)အောင်ကြီးတို့အား ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်၊ နယ်မြေ(၅)၊ သတိပဌာန်လမ်းသွယ်ရှိနေအိမ်၌ မန္တလေးမှ ကလေးသို့ မူးယစ်ဆေးဝါးများ တင်ဆောင်ခဲ့သည့် HINO ၁၂ ဘီးယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ဝင်းကိုကို(ခ) အဲကို (၄၀)နှစ်၊ တိုးတက်အောင် (ခ)မဲလုံး (၂၆)နှစ်နှင့် အောင်ခန့်ဇော်(ခ)အောင်ကြီး (၂၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။MOHA
Sat, 16-Aug-2025