ထိုင်းနိုင်ငံ Royal Household Bureau မှ မင်းသမီး Bajrakitiyabha Narendiradebyavati သည် သွေးဆိပ်သင့်မှုပြင်းထန်နေသောကြောင့် ၎င်း၏ကျန်းမာရေးအခြေအနေကို ဆရာဝန်များက နီးကပ်စွာ စောင့်ကြည့်လျက်ရှိကြောင်း ဩဂုတ် ၁၅ ရက်နေ့က ထုတ်ပြန်ချက်အရ သိရှိရသည်။ မင်းသမီးသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က Nakhon Ratchasima ပြည်နယ်၊ Pak Chong ခရိုင်တွင် ၎င်း၏အိမ်မွေးခွေးကို လေ့ကျင့်နေစဉ် သတိလစ်သွားပြီးနောက် ဒီဇင်ဘာ ၁၅ ရက်မှစ၍ King Chulalongkorn Memorial ဆေးရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည်။၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ချက်အပြီး ယခုအခါ စတုတ္ထ အကြိမ်မြောက် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ နောက်ဆုံး ထုတ်ပြန်ချက်အရ ဆရာဝန်များသည် မင်းသမီး၏ခန္ဓာကိုယ်တွင် လွန်ခဲ့သည့် သီတင်းပတ် မှစ၍ ပြင်းထန်သောသွေးဆိပ်သင့်မှုကို တွေ့ရှိပြီးနောက် သွေးပေါင်ချိန် တည်ငြိမ်စေရန် လိုအပ်သော ကုသမှုများပြုလုပ်လျက်ရှိကြောင်း ဖော်ပြ ထားသည်။ထိုင်းဘုရင့်ဆေးဝန်ထမ်းများသည် အဆုတ်နှင့် ကျောက်ကပ် လုပ်ဆောင်မှု များကို ထောက်ပံ့ပေးရန် စက်ပစ္စည်းများအသုံးပြုလျက်ရှိပြီး ကျန်းမာရေး အခြေအနေကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။အသက် ၄၆ နှစ်အရွယ်ရှိ မင်းသမီး Bajrakitiyabha သည် ထိုင်းဘုရင်နှင့် မင်းသမီး Soamsawali Krom Muen Suddhanarinatha တို့၏ အကြီးဆုံး သမီးတော်ဖြစ်ပါသည်။ကိုးကား- Bangkok Postဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
တနင်္လာနေ့, 18-သြဂုတ်လ-2025