အီရန်ကို အစ္စရေးဘက်က စတင်တိုက်ခိုက်မှု SCO က အပြစ်တင်ရှုတ်ချ

News Image

  • အီရန်ကို အစ္စရေးဘက်က စတင်တိုက်ခိုက်မှု SCO က အပြစ်တင်ရှုတ်ချ

ပေကျင်း၊ ပဋိပက္ခ

အီရန်နိုင်ငံအပေါ် အစ္စရေးဘက်ကစ၍ တိုက်ခိုက်မှုကို ရှန်ဟိုင်းပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (SCO) က အပြစ်တင်ရှုတ်ချကြောင်းနှင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများပိုမိုမြင့်တက်လာစေမည့် အခြေအနေနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။

အစ္စရေး၏တိုက်ခိုက်မှုသည် အီရန်ရှိအရပ်ဘက်ပစ်မှတ်များအပေါ်ကျရောက်ကြောင်း၊ ယင်းအတွက်ကြောင့် အရပ်သား ပြည်သူများစွာ သေဆုံးရကြောင်း၊ ထိုသို့ သောလုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်တို့ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် အီရန်နိုင်ငံ၏ အချုပ်အခြာ အာဏာကိုထိပါးစေကာ ဒေသတွင်းနှင့်နိုင်ငံတကာလုံခြုံရေးကိုပျက်စီးစေနိုင်ကြောင်း၊ ထိုမှတစ်ဆင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ကိုထိပါးလာစေနိုင်ကြောင်း SCO အဖွဲ့၏ ဖြစ် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

SCO အဖွဲ့ဝင်နိုင်ငံများက အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနှင့် သံတမန်ရေး နည်းလမ်းတို့ဖြင့်သာ အဖြေရှာသွားရန် အကြံပြုကြောင်းနှင့် အီရန်နိုင်ငံ၏ဆုံးရှုံးမှုများအတွက် စိတ်မကောင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Ref. SCO News

Photo - The Wire