G20 အစည်းအဝေးကို ဘရာဇီးနိုင်ငံ Rio de Janeiro မြို့၌ ကျင်းပပြုလုပ်မည်
G20 အစည်းအဝေးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှ ၁၉ ရက်အထိ ဘရာဇီးနိုင်ငံ Rio de Janeiro မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ G20 တွင် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျာမနီ၊ ဗြိတိန်၊ ဘရာဇီး၊ အိန္ဒိယနိုင်ငံများအပါအဝင် ၁၉ နိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ပါသည်။ ယခုအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များအပြင် အာဖရိကသမဂ္ဂနှင့် ဥရောပသမဂ္ဂခေါင်းဆောင်များပါ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဘရာဇီးနိုင်ငံသည် G20 အလှည့်ကျဥက္ကဌတာဝန်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်အထိ တာဝန်ယူလျက်ရှိပါသည်။
Source- https://sdg.iisd.org
MM-News-Category