အမေရိကန်နှင့် တရုတ်တို့အကြား ပြည်သူများ၏ အကျိုးစီးပွါးအတွက် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မာလာစေရန်တရုတ်သမ္မတရှီက အမေရိကန်သမ္မတဘိုင်ဒန်ကို ပြောကြား

News Image

  • အမေရိကန်နှင့် တရုတ်တို့အကြား ပြည်သူများ၏ အကျိုးစီးပွါးအတွက် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မာလာစေရန်တရုတ်သမ္မတရှီက အမေရိကန်သမ္မတဘိုင်ဒန်ကို ပြောကြား

အမေရိကန်နှင့် တရုတ်တို့အကြား ပြည်သူများ၏ အကျိုးစီးပွါးအတွက် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မာလာစေရန်  ဇန်နဝါရီလတွင် တက်လာမည့် အမေရိကန်အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ဖြစ်ပါကြောင်း APEC အစည်းအဝေးတက်ရောက်နေကြသည့် တရုတ်သမ္မတရှီက အမေရိကန်သမ္မတဘိုင်ဒန်ကို  ပြောကြားလိုက်ပါသည်။

ဇန်နဝါရီလတွင် အမေရိကန်သမ္မတရာထူးတာဝန်ယူမည့် ဒေါ်နယ်ထရန့်သည်  ကမ္ဘာ့အကြီးဆုံးစီးပွါးရေးအင်အားကြီး နှစ်ခုကြား ကုန်သွယ်ရေးကို ကမောက် ကမဖြစ်စေမည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်နှုန်း ၆၀ ရာခိုင်နှုန်း အထိ တိုးမြှင့်စည်းကြပ်ကောက်ခံရေး ကြုံးဝါးနေသူတစ်ဦးဖြစ်ပါသည်။ 

ဆက်လက်၍ ရုရှားယူကရိန်းအရေးတွင် ဝင်ရောက်ကူညီနေကြသည့် မြောက်ကိုးရီးယားတပ်များ ပြန်ရုတ်သိမ်းပေးရေးအတွက် ဘိုင်ဒန်က ရှီကို တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source- hindushantimes.com