မိုဇမ်ဘစ်-တရုတ် ဆက်ဆံရေး တစ်ဆင့်တိုး အားဖြည့်သွားလိုကြောင်း မိုဇမ်ဘစ်နိုင်ငံ သမ္မတ ပြောကြား
မိုဇမ်ဘစ်နှင့် တရုတ်နိုင်ငံကြား အစဉ်အလာချစ်ကြည်ရေးမှာ နက်ရှိုင်းလှပြီး မိုဇမ်ဘစ်နိုင်ငံသည် တရုတ် တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ စွဲမြဲလိုက်နာကြောင်း၊ မိုဇမ်ဘစ်-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် နှစ်ပတ်လည်ကို စမှတ်အဖြစ်ထားရှိကာ မိုဇမ်ဘစ်-တရုတ် ဆက်ဆံရေး အား တစ်ဆင့်တိုး အားဖြည့်သွားလိုကြောင်း မိုဇမ်ဘစ်နိုင်ငံ သမ္မတ ဒါနီရယ် ချာပိုက ဇွန် ၁၁ ရက်တွင် မြို့တော် မာပူတို၌ ပြောကြားခဲ့သည်။
ချာပိုက မိုဇမ်ဘစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ် ကျိမ့်ရွှမ်၏ သံအမတ်ခန့်အပ်လွှာကို သမ္မတ အိမ်တော်၌ လက်ခံစဉ်တွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ကျိမ့်ရွှမ်က မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှု အောက်တွင် တရုတ်-မိုဇမ်ဘစ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် စဉ်ဆက် မပြတ် နက်ရှိုင်းလာခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့်နှစ်ကို အခွင့်အလမ်းအဖြစ်ထားရှိကာ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို အားကောင်း စေရန်၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ နှစ်နိုင်ငံ ပြည်သူများအား ပိုမို ကောင်းမွန်စွာ အကျိုးပြုရန်၊ တောက်ပသော နောက်ထပ် နှစ် ၅၀ ကို အတူလက်တွဲ ဖြတ်သန်းလိုကြောင်း ပြောကြား ခဲ့သည်။
ကျိမ့်ရွှမ်သည် တာဝန်အသစ်ထမ်းဆောင်ရန် မေ ၁၃ ရက်က မာပူတိုမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ကိုးကား- Xinhua