ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja အား လက်ခံတွေ့ဆုံ

News Image

  • ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr.Atul Aneja အား နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် မျက်မှောက်ခေတ်ကမ္ဘာ့ရေးရာနှင့် မြန်မာ့ရေးရာအခြေအနေဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား သတင်းတု၊ သတင်းမှားများကို တုံ့ပြန်ရေးနှင့် သတင်းမှန်များ ထုတ်ပြန်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မီဒီယာကဏ္ဍတွင်သာမက အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 Source: ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ