အီရန် - အစ္စရေးကိစ္စ ပူတင် - ထရမ့် ဆွေးနွေးမည်

News Image

  • အီရန် - အစ္စရေးကိစ္စ ပူတင် - ထရမ့် ဆွေးနွေးမည်

စနေနေ့ (ဇွန် ၁၄) က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုကြရာတွင် အီရန်နိုင်ငံနှင့်ပတ်သက်သည့် အခြေအနေကို အသေးစိတ်ဆွေးနွေးခဲ့ပြီး ယူကရိန်းအရေးကိစ္စအတွက် အချိန် အနည်းငယ် သာ ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ထရမ့်က ၎င်း၏ Truth Social စာမျက်နှာတွင် “သမ္မတပူတင်က နံနက်တုန်းကဖုန်းဆက်ပြီး မိမိကို မွေးနေ့မင်္ဂလာ ပါးလာပါတယ်။ ဒါပေမယ့် ပိုအရေးကြီးတာက အီရန်အရေးကို ဆွေးနွေးဖို့ပါ။ သူက အီရန် နိုင်ငံကို အလွန်နားလည်ပေးတဲ့သူပါ။ မိမိတို့ အကြာကြီး ဆွေးနွေးခဲ့ ကြပါတယ်။ ရုရှား-ယူကရိန်းအရေးကိုတော့ အချိန်အနည်းငယ်ပဲ ပေးခဲ့ပါတယ်။ ဒါကို နောက်အပတ်မှာ ဆက်ဆွေးနွေးမယ်” ဟု ရေးသား ဖော်ပြ ထားပါသည်။ 

ထို့ပြင် ရုရှားနှင့် ယူကရိန်းတို့သည် အကျဉ်းသားလဲလှယ်ရေး အစီအစဉ် များကို လုပ်ဆောင်နေပြီး အကျဉ်းသားအများအပြား လဲလှယ်နေကြကြောင်း အမေရိကန်သမ္မတက ဖြည့်စွက်ပြောကြားခဲ့ပါသည်။ “ပူတင်ကလည်း မိမိလိုပဲ အစ္စရေး-အီရန်စစ်ပွဲကို အဆုံးသတ်သင့်တယ်လို့ ခံစားမိတယ်။ ဒါပေမယ့် သူ့စစ်ပွဲ (ယူကရိန်း) ကိုလည်း အဆုံးသတ်သင့်တယ်လို့ မိမိ ရှင်းပြခဲ့တယ်” ဟု ထရမ့်က ရေးသားထားပါသည်။

အစောပိုင်းတွင် ကရင်မလင်အကြံပေးပုဂ္ဂိုလ် ယူရီအုရှာကော့ဗ် က ပူတင် သည် ထရမ့်နှင့် ဖုန်းစကားပြောဆိုရာတွင် ဇွန် ၂၂ ရက်နောက်ပိုင်း၌ ယူကရိန်းနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးရန် မော်စကို အဆင်သင့်ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ကိုးကား- Tass

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃