အိုမန်ပင်လယ်ထဲ ဝင်ရောက်လာသည့် ဗြိတိန် ဖျက်သင်္ဘောကို အီရန် ရေတပ်က တားဆီး
အိုမန်ပင်လယ်အတွင်း ဗြိတိန်စပိုင်ဖျက်သင်္ဘောတစ်စီးသည် အီရန် ရေတပ်က တားဆီးလိုက်၍ လမ်းကြောင်းပြောင်းလဲသွားကြောင်း သိရပါသည်။
အီရန်နယ်မြေအတွင်း ပစ်လွှတ်မည့် အစ္စရေးဒုံးကျည်များအတွက် လမ်းညွှန်ရန် ရည်ရွယ်ချက်ဖြင့် မနေ့ည (ဇွန် ၁၄) က မြောက်အိန္ဒိယသမုဒ္ဒရာထဲသို့ ချဉ်းကပ်ဝင်ရောက်လာသည့် ဗြိတိန် ဖျက်သင်္ဘောအား အီရန်ရေတပ်၏ ထောက်လှမ်းရေးစနစ်များက အချိန်မီ ဖမ်းမိခဲ့ပါသည်။ အီရန်ရေတပ်၏ တိုက်ခိုက်ရေးဒရုန်းများက သတိပေးချက်များ ပြုလုပ်ကာ ဖျက်သင်္ဘောအား ပါရှန်ပင်လယ်ကွေ့ဘက်သို့ ဆက်လက်ရွေ့လျား စေခြင်းဖြင့် တားဆီးနိုင်ခဲ့ပါသည်။ ဖျက်သင်္ဘောသည် လမ်းကြောင်း ပြောင်းလဲသွားရသည်အထိ ဖြစ်စေခဲ့သည်။
ကိုးကား- Mehr
Photo: ABNA English
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category