ထိုင်းနိုင်ငံ BRICS အဖွဲ့ဝင်ဖြစ်ရေးအတွက် အင်ဒိုနီးရှားက သဘော တူလိုက်သည် ဆိုခြင်း

News Image

  • ထိုင်းနိုင်ငံ BRICS အဖွဲ့ဝင်ဖြစ်ရေးအတွက် အင်ဒိုနီးရှားက သဘော တူလိုက်သည် ဆိုခြင်း

ထိုင်းနိုင်ငံက တရုတ်ဦးဆောင်သည့် BRICS အဖွဲ့ဝင်အသစ်ဖြစ်ရေးအတွက် လျှောက်ထားရာမှာ အင်ဒိုနီးရှားနိုင်ငံ၏ သဘောတူညီချက်ကို ယခုလက်ခံရရှိပြီဖြစ်ပါသည်။  သမ္မတ ပရာဘိုဝို ဆူဘီအန်တို သည် အဆင့်မြင့်အရာရှိ တွေ့ဆုံပွဲအဖြစ် ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာနှင့် တွေ့ဆုံရန် အတွက် ဘန်ကောက်မြို့သို့ ရောက်ရှိနေပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် BRICS အဖွဲ့၏ နောက်ဆုံး အဖွဲ့ဝင်ဖြစ်ပြီး၊ လွန်ခဲ့သည့်သုံးလခန့်က တင်းပြည့်အဖွဲ့ဝင်ဖြစ်ရေးအတွက် ဆောင်ရွက်ခဲ့ရပြီး ဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ၏ လမ်းစဉ် အတိုင်း လိုက်ပါဆောင်ရွက်လိုသဖြင့် ပရာဘိုဝို၏ ထောက်ခံမှုကို ရယူလိုပါကြောင်း၊  “အင်ဒိုနီးရှားသည် ထိုင်းနိုင်ငံအနေဖြင့် BRICS အဖွဲ့ဝင်ဖြစ်လာစေရေး ကြိုးပမ်းမှုကို အပြည့်အဝ ထောက်ခံပါကြောင်း၊ မိမိတို့အနေဖြင့်(ထိုင်းနိုင်ငံကို) အဖွဲ့ဝင်ဖြစ်ရေးအတွက် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း” ပရာဘိုဝိုက ပြောကြားပါသည်။

အပြည့်အစုံဖတ်ရှုရန်- https://sacministry.gov.mm/my/subject/7018