ရုရှားကို တိုက်ခိုက်ဖို့အတွက် အမေရိကန်က ထောက်ပံ့ပေးထားတဲ့ တာဝေးပစ် ဒုံးကျည်တွေကို အသုံးပြုဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို မီးစိမ်းပြ
နိုဝင်ဘာ ၁၈
ရုရှားကို တိုက်ခိုက်ဖို့အတွက် အမေရိကန်က ထောက်ပံ့ပေးထားတဲ့ တာဝေးပစ် ဒုံးကျည်တွေကို အသုံးပြုဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို မီးစိမ်းပြလိုက်ပါသည်။ ယင်းမှာ အမေရိကန်၏ မူဝါဒပိုင်းဆိုင်ရာ ကြီးကြီးမားမား ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း အမေရိကန်အရာရှိ တစ်ဦးက ဘီဘီစီ၏ အမေရိကန်လုပ်ဖော်ကိုင်ဖက် CBS သို့ အတည်ပြုပြောကြားခဲ့ပါသည်။ ယူကရိန်းသမ္မတ Volodymyr Zelensky သည် ATACMS ဟုသိကြသော ဒုံးကျည်များဆိုင်ရာ ကန့်သတ်ချက်များကို ရုတ်သိမ်းပေးပြီး မိမိနယ်နိမိတ်ပြင်ပသို့ တိုက်ခိုက်ဖို့ ခွင့်ပြုချက်ပေးရန် လအတော်ကြာတိုက်တွန်းခဲ့ပါသည်။
ATACMS (Army Tactical Missile Systems ) သည် ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်) အထိ ရောက်ရှိနိုင်သည်။ ATACMS ကို ယူကရိန်းတွင် အသုံးပြုရန် ဘိုင်ဒင်၏ ခွင့်ပြုချက်မှာ မြောက်ကိုရီးယားစစ်သားများ ယူကရိန်း တွင် တိုက်ခိုက်ခွင့်ပြုရန် ရုရှား၏ ဆုံးဖြတ်ချက်ကို တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အမေရိကန် တာဝန်ရှိသူများက New York Times နဲ့ Washington Post ကို ပြောကြားခဲ့ပါသည်။
ဇန်နဝါရီတွင် အိမ်ဖြူတော်မှ ထွက်ခွာမည့် ဂျိုးဘိုင်ဒင်သည် ယူကရိန်းအတွက် နောက်ထပ် အကူအညီများပေးနိုင်ရေး အရှိန်မြှင့်ကြိုးပမ်းနေပါသည်။ ၎င်းကိုဆက်ခံမည့် Donald Trump သည် ယူကရိန်း အပေါ် ထောက်ပံ့ပေးနေမှု နှေးကွေးသွားမည်လား၊ ရပ်တန့်သွားမည်လား စိုးရိမ်မှုများရှိနေပါသည်။ စစ်ဘက် ဆိုင်ရာ ပံ့ပိုးကူညီနေမှုက အမေရိကန်အရင်းအမြစ်များအပေါ် ယိုစီးမှုတစ်ခုဖြစ်နေကြောင်း အကြောင်းပြချက်မရှိ စစ်ပွဲအဆုံးသတ်မည်ဖြစ်ကြောင်း ထရန့်က အချက်ပြ ပြောဆိုခဲ့သည်။
အမေရိကန်သည် ယူကရိန်းသို့ လက်နက်အများဆုံး ထောက်ပံ့သည့်နိုင်ငံဖြစ်သည်။ စစ်ပွဲစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇွန်လကုန်အတွင်း ဒေါ်လာ ၅၅.၅ ဘီလီယံ (ယူရို ၄၁.၄ ဘီလီယံ) တန်ဖိုးရှိလက်နက်နှင့်ပစ္စည်းကိရိယာများထောက်ပံ့ပေးပို့ရန် ကတိကဝတ်ပြုထားကြောင်း ဂျာမန်သုတေသနအဖွဲ့အစည်းဖြစ်သည့် Kiel Institute for the World Economy က ပြောကြားခဲ့ကြောင်း ဘီဘီစီ သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။
Source: https://www.bbc.com/news/articles/c789x0y91vvo