အမေရိကန်လွှတ်တော်အမတ်များကိုပစ်ခတ်ခဲ့သူ အဖမ်းခံထားရ
စိန့်ပေါ၊ ရာဇဝတ်မှု
အမေရိကန်ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ်၌ လွှတ်တော်အမတ်များကို ပစ်ခတ်ခဲ့သည့်အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ ကဖမ်းဆီးရမိထားပြီဖြစ်ကြောင်း တာဝန် ရှိသူများကပြောသည်။
အသက် ၅၇ နှစ်ရှိ ဗန့်လူသာဘိုးတား ဆိုသူအမျိုးသားသည် လွှတ်တော်အမတ် ဖြစ်သည့် ဂျွန်ဟော့မန်းနှင့်ဇနီးကိုလည်း ကောင်း၊ ပြည်နယ်ေ ာက်လွှတ်တော် ဥက္ကဋ္ဌ မယ်လီဆာဟော့မန်းနှင့်ခင်ပွန်းကို လည်းကောင်း ဇွန်လ ၁၄ ရက်နံနက်ပိုင်း တွင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်ခံရသူများအနက် မယ်လီဆာ ဟော့မန်းနှင့်ခင်ပွန်းတို့သေဆုံးသွားပြီး ကျန်သူများမှာ ဒဏ်ရာရရှိထားကြောင်း သိရသည်။
Ref: RT
Photo - France 24
MM-News-Category