အမေရိကန်ရေတပ်မှ ယူအက်စ်အက်စ်နီမစ်င် လေယာဉ်တင်သင်္ဘော အရှေ့အလယ်ပိုင်းသို့ထွက်ခွာ

News Image

  • The US Navy's USS Navy aircraft carrier departs for the Middle East

နယူးယောက် ဇွန် ၁၆

အမေရိကန်ရေတပ်မှ ယူအက်စ် အက်စ်နီမစ်ဇ် လေယာဉ်တင် သင်္ဘောသည် ယနေ့တွင် တောင် တရုတ်ပင်လယ်ဒေသမှ အရှေ့ အလယ်ပိုင်းဒေသဘက်သို့ ထွက်ခွာ သွားပြီဖြစ်သည်။

ပင်လယ်ရေကြောင်းသွားလာမှု စောင့်ကြည့်ရေးဝက်ဘ်ဆိုက်များ ၏အဆိုအရ ယူအက်စ်အက်စ်နီ မစ်ဇ်လေယာဉ်တင်သင်္ဘောသည် တောင်တရုတ် ပင်လယ်ဒေသမှ တစ်ဆင့် အရှေ့အလယ်ပိုင်းဒေသ တည်ရှိရာ အနောက်ဘက်သို့ ဦးတည်မောင်းနှင်နေသည်။

ယူအက်စ်အက်စ်နီမစ်ဇ်လေယာဉ် တင်သင်္ဘောသည် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်းဆိပ်ကမ်း၌ ဆိုက်ကပ်မည့်အစီအစဉ်ကို ဖျက်သိမ်း၍အရှေ့အလယ်ပိုင်းဒေသသို့ ထွက်ခွာသွားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အစ္စရေးနှင့် အီရန်နိုင်ငံတို့ကြားဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် အရှေ့ အလယ်ပိုင်းဒေသ၌အခြေအနေများ တင်းမာလျက်ရှိသည်။

ယူအက်စ်အက်စ်နီမစ်ဇ်လေယာဉ် တင်သင်္ဘောအနေဖြင့် အရေးပေါ် စစ်ဆင်ရေး လိုအပ်ချက်တစ်ရပ်ကြောင့် တောင်တရုတ်ပင်လယ်မှ အရှေ့အလယ်ပိုင်း ဒေသသို့ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများ က ပြောကြားထားသည်။

ယူအက်စ်အက်စ်နီမစ်ဇ်ဦးဆောင် သော အမေရိကန်ရေတပ်အုပ်စု သည် ပြီးခဲ့သည့်ရက်သတ္တပတ်က တောင်တရုတ် ပင်လယ်ဒေသ၌ ပင်လယ်ရေကြောင်း လုံခြုံရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

YDNB Newspaper

Photo - Kurdiatan24