ပြည်ပဈေးကွက်အတွက် အရောင်းတင်တော့မယ့် တရုတ်ရဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ် J-35A
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာကျင်းပတဲ့ လေကြောင်းပြပွဲမှာ တရုတ်က ပြည်တွင်းဖြစ် ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်တဲ့ J-35A ကိုထုတ် ဖော်ပြသလိုက်တာတွေ့ရပါတယ်။ သူတို့ အနေနဲ့ အခုလိုမျိုးအပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲမှာ ထုတ်ဖော်ပြသတာ ဟာ ပထမဆုံးဖြစ်ပြီး J-35A ကို ပြည်ပနိုင်ငံများသို့ ရောင်းချနိုင်ရေးအတွက် လုပ်ဆောင်လာတာ ဖြစ်နိုင်ပါတယ်။
တရုတ်အမျိုးသားလေကြောင်း နည်းပညာသွင်းကုန်နှင့် ပို့ကုန်ကော်ပိုရေးရှင်းက ဒီလေကြောင်းပြပွဲမှာ J-35A ရဲ့ပုံစံ ငယ်နဲ့အတူ ပါဝင်ပြသခဲ့တာဖြစ်ပါတယ်။ J-35A ဆိုတာ တရုတ်နိုင်ငံကလက်ရှိ အသုံးပြုလျက်ရှိတဲ့ J-35 တိုက်လေယာဉ်ရဲ့ မြေပြင်အခြေပြု တိုက်လေယာဉ်အမျိုး အစားဖြစ်ပါတယ်။
ရှန်းယန်လေကြောင်း ကော်ပိုရေးရှင်းက တီထွင်ထုတ်လုပ်ထားတဲ့ J-35A ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ကျူးဟိုင် လေကြောင်းပြပွဲမှာ ပထမဆုံးထုတ်ဖော် ပြသခဲ့တာဖြစ်ပါတယ်။ J-35 တိုက်လေ ယာဉ်ဆိုတာ J-20 တိုက်လေယာဉ်ပြီးနောက် တရုတ်နိုင်ငံရဲ့ ဒုတိယမြောက် ပဉ္စမမျိုးဆက် တိုက်လေယာဉ် အမျိုးအစားဖြစ်ပါတယ်။
အခုပဲရစ်လေကြောင်းပြပွဲမှာ J-35A နဲ့အတူ J-20 ကိုပါ ပွဲထုတ်ပြသခဲ့တာပါ။ ဒါပေမဲ့ တရုတ်နိုင်ငံက J-20 ကိုပြည်ပနိုင်ငံများသို့ ရောင်းချသွားမှာ မဟုတ်ဘူး လို့အတိအလင်း ပြောထားပါတယ်။
တရုတ်နိုင်ငံက J-35 ကိုထုတ်လုပ်ခဲ့တာက လေယာဉ်တင်သင်္ဘောအခြေပြု ပျံသန်းနိုင်မယ့် လေယာဉ်များအဖြစ်ဖန် တီးခဲ့တာဖြစ်ပေမယ့် လေတပ်အတွက် အသုံးပြုနိုင်စေဖို့ J-35A ကိုထုတ်လုပ်ခဲ့ တာပါ။ ပထမဆုံးပျံသန်းမှုကိုတော့ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ လုပ်ဆောင်ထား နိုင်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အခုလိုမျိုးအဆင့်မြင့် တိုက်လေယာဉ်ကို ပြည်ပကိုရောင်းချတဲ့အခါ အမေရိကန်နဲ့ဥရောပတို့က ဝယ်ယူလိုခြင်း မရှိပေမယ့် အရှေ့အလယ် ပိုင်းဒေသနဲ့ တောင်အာရှဒေသကတော့ ဒီတိုက်လေယာဉ်ကို အဓိကအားပေးမယ့် ဖောက်သည်တွေ ဖြစ်လာနိုင်ပါတယ်။
လက်ရှိမှာကိုပဲ တရုတ်နိုင်ငံက သူတို့ရဲ့ J-35A တိုက်လေယာဉ်အစင်း ၄၀ ကို ပါကစ္စတန်နိုင်ငံဆီ ရောင်းချပေးဖို့ကမ်းလှမ်းထားတယ်လို့ ပါကစ္စတန်တာဝန် ရှိသူများကပြောပါတယ်။အကယ်၍ ဒီသတင်းသာအမှန်ဖြစ်မယ်ဆိုရင် ဒါဟာ J-35A တိုက်လေယာဉ်တွေကို ပထမဆုံး အကြိမ်ပြည်ပ တင်ပို့မှုဖြစ်လာစေမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံက J-35 အမျိုးအစား တိုက်လေယာဉ်တွေကိုထုတ်လုပ်ရာမှာ ဝေဟင်-ရေပြင်ပူးတွဲတာဝန် ထမ်းဆောင်နိုင်စေရေးနဲ့ လေယာဉ်တစ်စင်းနဲ့အမျိုး အစားအမျိုးမျိုးဆိုတဲ့ အယူအဆနဲ့အညီ လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက် လေယာဉ်တွေက စစ်မြေပြင်မှာပူးတွဲ၊ ပူးပေါင်းစစ်ဆင်ရေးများကို ကောင်းစွာ ဆင်နွှဲနိုင်စွမ်းရှိသလို တိုက်ပွဲလိုအပ်ချက်များနဲ့အညီ အမြန်ဆုံး ဖြန့်ကြက်နိုင်စွမ်း လည်းရှိပါတယ်။
J-35A က ထိုင်ခုံတစ်လုံးပါ အင်ဂျင် နှစ်လုံးတပ်နဲ့ လက်နက်အိမ်ကိုလေယာဉ် ဝမ်းဗိုက်ထဲမှာ ထည့်ပေးထားတဲ့ တိုက်လေယာဉ်ပုံစံဖြစ်ပါတယ်။ သူ့ရဲ့တောင်ပံ အလျားက J-35 နဲ့ယှဉ်ရင် အနည်းငယ် တိုပြီး ရေဒါဖမ်းယူမှုကို လျော့နည်းစေနိုင်မယ့် လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။
ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်တာနဲ့အညီ အဆင့်မြင့်ရေဒါစနစ်၊ ပစ်မှတ်ရှာ ဖွေထောက်လှမ်းရေးစနစ် အစရှိတဲ့စနစ်များကို အဓိကတပ်ဆင်ပေးထားတာတွေ့ ရပါတယ်။ လေယာဉ်ထွက်ခွာစဉ်အမြင့် ဆုံးအလေးချိန်က ၂၈ တန်ဝန်းကျင်ရှိပြီး သူ့ရဲ့စစ်ဆင်နိုင်တဲ့ နယ်မြေက ကီလိုမီတာ ၁၂၀၀ မှသည် ၁၉၀၀ အထိရှိတယ်လို့ သိထားပါတယ်။
MWD Web Portal
နည်းပညာသတင်း