ဂါဇာတွင် အစ္စရေးတင့်ကား၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကယ်ဆယ်ရေး ပစ္စည်းစောင့်ဆိုင်းနေသည့် ဒေသခံပြည်သူ ၅၁ ဦးထက်မနည်း သေဆုံး

News Image

  • ဂါဇာတွင် အစ္စရေးတင့်ကား၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကယ်ဆယ်ရေး ပစ္စည်းစောင့်ဆိုင်းနေသည့် ဒေသခံပြည်သူ ၅၁ ဦးထက်မနည်း သေဆုံး

ဇွန်လ ၁၇ ရက်နေ့တွင် ဂါဇာတောင်ပိုင်း Khan Younis မြို့တွင် ကယ်ဆယ်ရေးပစ္စည်းတင်ဆောင်လာမည့် ထရပ်ကားများကို စောင့်ဆိုင်းနေသည့် ပြည်သူများအား အစ္စရေးတင့်ကားက ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ ၅၁ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဖြစ်စဉ်မှာ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာမည့် ထရပ်ကားများအလာကို Khan Younis မြို့ အရှေ့ဘက်ပိုင်းရှိ လမ်းမကြီးတစ်လျှောက်တွင် စောင့်ဆိုင်းနေစဉ် အဆိုပါ ဒေသခံပြည်သူများရှိရာသို့ အစ္စရေးတင့်ကားမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၅၁ ဦးထက်မနည်း သေဆုံးပြီး ၂၀၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ အဆိုပါဒဏ်ရာရသူများအနက် အနည်းဆုံး ၂၀ ဦးခန့်မှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ဒေသခံများက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အစ္စရေးစစ်ဖက်က တစ်စုံတစ်ရာတုံ့ပြန်ပြောကြားခြင်း မရှိသေးကြောင်း CNA သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား - CNA

Photo: DD News

အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက(၄)