G20 ခေါင်းဆောင်များ ဂါဇာနှင့် လက်ဘနွန်ဒေသတွင် အလုံးစုံ အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းနှိုးဆော်

News Image

  • G20

နိုဝင်ဘာ ၁၉

ဘရာဇီးနိုင်ငံ Rio de Janeiro မြို့၌ ကျင်းပလျက်ရှိသည့် Group of Twenty (G20) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေကြသော နိုင်ငံ့ခေါင်းဆောင်များက လက်ရှိဖြစ်ပွားလျက်ရှိသည့် ဂါဇာနှင့် လက်ဘနွန်ဒေသတို့တွင် အလုံးစုံ အပစ်အခတ်ရပ်စဲကြရန် တညီတညွတ်တည်း တိုက်တွန်နှိုးဆော်လိုက်ကြပါသည်။ ထိုတိုက်တွန်းချက်မှာ အမေရိကန်သမ္မတ ဘိုင်ဒန်က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်အသုံးပြုရန် အချက်ပြပြီးနောက်ပိုင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါကြောင်း၊ ယခုကျင်းပနေသည့်  G20 အစည်းအဝေးသို့ ရုရှားသမ္မတ ဗလာဒီမာပူတင် လာရောက်တက်ရောက်ခြင်းမရှိဘဲ ၎င်းအစား ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တက်ရောက် လျက်ရှိကြောင်း ALJAZEERA သတင်းဌာနက ရေးသားဖော်ပြထားပါသည်။

ကိုးကား - ALJAZEERA