မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းသည် ရုရှားနိုင်ငံ၏ အရင်းအမြစ်ဝန်ကြီးနှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြ

News Image

  • kim meets with russia's minister

နိုဝင်ဘာ ၁၉

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းသည် ရုရှားနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး Alexander Kozlov နှင့်တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြလိုက်ပါသည်။ ထိုတွေ့ဆုံမှုမှာ အနောက်နိုင်ငံများက ရုရှားဖက်က မြောက်ကိုးရီးယားစစ်တပ်များ ပါဝင်ကူညီနေမှုကို အပြင်းအထန် ဝေဖန်ရှုံ့ချနေကြစဉ် နှစ်နိုင်ငံအကြား မြန်ဆန်စွာ တိုးတက်လာသည့်နွေးထွေးသောဆက်ဆံရေးကို ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း၊  ရုရှားဝန်ကြီး Alexander Kozlov ဦးဆောင်သော  အစိုးရကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားနှင့်ရုရှားနိုင်ငံအကြား ကုန်သွယ်မှု၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ (၁၁) ကြိမ်မြောက် အစည်းအဝေးတက်ရောက်ရန် ပြုံယမ်းသို့ ရောက်ရှိနေကြကြောင်း ကိုရီးယားဗဟို သတင်း အေဂျင်စီ (KCNA)က အင်္ဂါနေ့တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။ 

ကိုးကား - ALJAZEERA