ယူကရိန်းက ရုရှားဖက်သို့ ပထမဆုံးအကြိမ် အမေရိကန်ထုတ် ATACMS ဒုံးကျည်များဖြင့် ပစ်ခတ်
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် ည ၇:၂၅ ခန့်တွင် ယူကရိန်းက ရုရှားပိုင်နက်အတွင်းသို့ အမေရိကန်ထုတ် ATACMS တာဝေးဒုံးကျည်များဖြင့် ပထမဆုံး အကြိမ်အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂ ရက် တနင်္ဂနွေနေ့က အမေရိကန် သမ္မတ ဘိုင်ဒန်က တာဝေးဒုံးကျည်များ အသုံးပြုရန် ခွင့်ပြုပြီးနောက် ယခုအခါ စတင် သုံးစွဲခြင်း ဖြစ်ကြောင်း၊ အဆိုပါ တာဝေးဒုံးကျည်များအနက် ၅ ခုကို ရုရှားလေကြောင်းရန် ကာကွယ်ရေး တပ်က ပစ်ချခဲ့ပြီး ကျန်ဒုံးကျည်များမှာ ပျက်စီးသွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွက် ထိခိုက် ဒဏ်ရာရသူနှင့် ပျက်စီးဆုံးရှုံးမှု မရှိဟု ရုရှားလေကြောင်းရန်ကာကွယ်ရေးက ပြောကြားကြောင်း CNN သတင်းဌာနက ဖော်ပြပါသည်။
ကိုးကား : CNN News