ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ ငွေကျပ် ၄၇၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
20 June 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၁၅ ရက် ည ၈ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ လားရှိုး-နမ္မတူသွားကားလမ်း၌ စိုးမင်းလတ်(ခ)လေးလုံး(၃၁)နှစ် မောင်းနှင်ပြီး ဝေဝေဦး(ခ)မီနား(၃၁)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်နှင့် ထွန်းလှဦး(ခ)အိုက်ဦး(၄၀)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်တို့အား စစ်ဆေးရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၃၀၀)နှင့် ဘိန်းဖြူ အလေးချိန် ၀ ဒသမ ၉၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၅ သိန်းနှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၁၄၈ ဒသမ ၅ သိန်း)တို့အား ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဇွန် ၁၅ ရက် ည ၉ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၄)နေ ခင်စန်းမေ(ခ)ကရီးမား(၅၇)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၅ သိန်း)နှင့် ဘိန်းဖြူ အလေးချိန် ၀ ဒသမ ၁၇ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၅၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၂၅ ဒသမ ၅ သိန်း)တို့အား ဆက်လက်ဖမ်းဆီးရမိသဖြင့် စိုးမင်းလတ်(ခ) လေးလုံး(၃၁)နှစ်၊ ဝေဝေဦး(ခ)မီနား(၃၁)နှစ်၊ ထွန်းလှဦး(ခ)အိုက်ဦး(၄၀)နှစ်နှင့် ခင်စန်းမေ(ခ)ကရီးမား(၅၇)နှစ်တို့ လေးဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA