ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ငွေကျပ် ၃၃၆ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
20 June 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာ၊ ရွှေမြေ(၁)လမ်း၌ လမ်းလျှောက်လာသူ ကျော်ကျော်(ခ)မိုဟာမတ်အလီ(၄၅)နှစ်နှင့် လင်းနိုင်ဝင်း(၃၉)နှစ်တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြား(တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၅၀) ဖမ်းဆီးရမိပြီး ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၄ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ ရွှေမြေ(၁)လမ်း၌ ကျော်ကျော်(ခ)မိုဟာမက်အလီ၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၆၀၀ ပြား(တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၇၆ သိန်း)နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၀ ဒသမ ၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၅၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၂၁၀)တို့အား ဆက်လက် ဖမ်းဆီးရမိသဖြင့် ကျော်ကျော်(ခ)မိုဟာမက်အလီ(၄၅)နှစ်နှင့် လင်းနိုင်ဝင်း(၃၉)နှစ် တို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA