ယူကရိန်း သမ္မတ ဇယ်လင်စကီးသည် ယူကရိန်းတပ် များအား မြေမြှုပ်မိုင်းများ ထောက်ပံ့ပေးအပ်ခြင်း အတွက် အမေရိကန်နိုင်ငံနှင့် သမ္မတ ဘိုင်ဒင်အား ကျေးဇူးတင်ရှိကြောင်း ပြောကြား
ယူကရိန်း သမ္မတ ဇယ်လင်စကီးသည် နိုဝင်ဘာလ ၂၀ ရက်နေ့က ၎င်း၏ဗီဒီယိုမိန့်ခွန်းတွင် ယူကရိန်း တပ်များ အား မြေမြှုပ်မိုင်းများ ထောက်ပံ့ပေးအပ်ခြင်းအတွက်အမေရိကန်နိုင်ငံနှင့် သမ္မတ ဘိုင်ဒင်အား ကျေးဇူးတင်ရှိကြောင်း နှင့်၎င်းတို့သည် ရုရှား၏ တိုက်ခိုက်မှုများကို ရပ်တန့်ရန် အတွက် မရှိမဖြစ် လိုအပ်သည်အရာများဖြစ်ကြောင်း ပြောကြားခဲ့သည်။
အရပ်သားများအပေါ် ၎င်းမိုင်းများ၏ သက်ရောက်မှုများ ကို ဝေဖန်ခဲ့ကြသည့်မြေမြှုပ်မိုင်းများအပါအဝင် အမေရိကန် ဒေါ်လာ ၂၇၅ သန်း တန်ကြေးရှိ အကူအညီပေးရေး ပက်ကေ့ချ်တွင် ဒရုန်းများ၊ Himars ခဲယမ်းမီးကျောက် များနှင့် အမြောက်များ ပါဝင်ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ရေးအကူအညီသည် အမေရိကန် ပြည်ထောင်စု၏ ယူကရိန်းနိုင်ငံအပေါ် ၇၀ ကြိမ်မြောက် ကာကွယ်ရေး ပက်ကေ့ချ် ဖြစ်ပါသည်။ ယူကရိန်းနိုင်ငံ က အမေရိကန်နိုင်ငံ၏ ထောက်ခံမှုနှင့် သမ္မတ ဘိုင်ဒင်၏ ဆုံးဖြတ်ချက်များကို လေးနက်စွာ တန်ဖိုးထားပါကြောင်း ယူကရိန်းသမ္မတက ပြောကြားခဲ့သည်ဟု The Guardian သတင်းဆောင်းပါးတွင်ဖော်ပြထားသည်။
ကိုးကား - The Guardian သတင်းဆောင်းပါး