ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံပိုင်နက်ထဲသို့ UK Storm Shadow ဒုံးကျည်များ ပစ်လွှတ်
နိုဝင်ဘာ လ ၂၀ ရက်နေ့တွင် ယူကရိန်းနိုင်ငံက ရုရှား နိုင်ငံပိုင်နက်ထဲသို့ UK Storm Shadow ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း အမည်မဖော်လိုသည့် အနောက်တိုင်း အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Bloomberg သတင်းအေဂျင်စီက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပါသည်။
ဝန်ကြီးချုပ် Keir Starmer ၏ ပြောရေးဆိုခွင့်ရှိသူက ၎င်း၏ ရုံးသည် အစီရင်ခံစာများ သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုကိစ္စရပ်များအပေါ် မှတ်ချက်ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းပိုင်နက်အတွင်း Storm Shadow ခရုဇ်ဒုံးပျံများ ကို ယူကရိန်းက အသုံးပြုနိုင်ကြောင်း ယခင်က ဗြိတိန်က ပြောကြားခဲ့သော်လည်း ယူကရိန်းအစိုးရက ရုရှားနိုင်ငံ အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် ခွင့်ပြုချက် ပေးရန် အမေရိကန်ကို လပေါင်းများစွာ ဖိအားပေးခဲ့ကြောင်း၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယခုသီတင်းပတ် အတွင်း ရုရှားနိုင်ငံအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက် တိုက်ခိုက်ရန်အတွက် ယူကရိန်းနိုင်ငံမှ အမေရိကန် လုပ်လက်နက်များကို အသုံးပြုခွင့်ပြုရန် ၎င်း၏မူဝါဒကို ပြောင်းလဲခဲ့ကြောင်း အဆိုပါ ဆောင်းပါးတွင် ဖော်ပြထား သည်။
ကိုးကား - Bloomberg သတင်းအေဂျင်စီ