အီရန်အပေါ် စစ်ရေးအရ လုပ်ဆောင်ရန် သင့်/မသင့် နှစ်ပတ်အတွင်း ထရမ့်ဆုံးဖြတ်မည်

News Image

  • အီရန်အပေါ် စစ်ရေးအရ လုပ်ဆောင်ရန် သင့်/မသင့် နှစ်ပတ်အတွင်း ထရမ့်ဆုံးဖြတ်မည်

အမေရိကန်အနေဖြင့် စေ့စပ်ဆွေးနွေးမှုတံခါးကိုဖွင့်သည့်နည်းတူ အီရန်အပေါ် စစ်ရေးအရ လုပ်ဆောင် သွားမည့်အစီအစဉ်ကို သီတင်းနှစ်ပတ်အတွင်း ဆုံးဖြတ်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ပြောကြားချက်ကို ကိုးကား၍ အိမ်ဖြူတော်က ထုတ်ပြန်ပြောကြားခဲ့သည်။

ထရမ့်က “အမေရိကန်အနေဖြင့် စစ်ပွဲအတွင်း ပါဝင်လာနိုင်တယ်၊ ပါဝင်ချင်မှလည်း ပါဝင်မည်” ဟု လက်ရှိ ဖြစ်ပွားနေသည့် အစ္စရေးနှင့်အီရန်စစ်ပွဲအတွင်း အမေရိကန်ပါဝင်လာနိုင်ခြေနှင့် ပတ်သက်၍ အရိပ်အမြွက်ကို ပြောကြားခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ “ထရမ့်အစိုးရနှင့် အီရန်အစိုးရတို့ အကြား အပြန်အလှန် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ သံတမန်နည်းလမ်းအရ ဖြေရှင်း ဆောင်ရွက်နိုင်မည့်အခွင့်အရေးရှိပါက သမ္မတ ထရမ့်အနေဖြင့် သံတမန်နည်းလမ်းအရ ဖြေရှင်းဆောင်ရွက် လေ့ရှိကြောင်း၊ သို့ရာတွင် အင်အားသုံးဖြေရှင်းရန်လိုအပ်ပါကလည်း စိုးထိပ်မှု တစ်စုံတရာမရှိကြောင်း” သတင်းထောက်များ၏ မေးခွန်းများအပေါ် ဖြေကြားခဲ့သည်။

ထရမ့်အနေဖြင့် အီရန်အရေးနှင့်ပတ်သက်၍ အနာဂတ်တွင် တုံ့ပြန်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေး ဆုံးဖြတ်ရန်အတွက် ယခုသီတင်းပတ် ရုံးပိတ်ရက်များတွင် အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေး များကို နေ့စဉ်ကျင်းပသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်ပြောကြားခဲ့မှုကို NHK သတင်း စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်၊ နစက (၄)