ပိုလန်နိုင်ငံရှိ အမေရိကန်နိုင်ငံ၏ဒုံးကျည်ကာကွယ်ရေး အခြေစိုက်စခန်းသစ်သည် စစ်ဖြစ်ပွားပါက ရုရှား၏ ဦးစားပေး ပစ်မှတ်များထဲတွင်ပါဝင်နေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာဟာရိုဗာကပြောကြား

News Image

  • ပိုလန်နိုင်ငံရှိ အမေရိကန်နိုင်ငံ၏ဒုံးကျည်ကာကွယ်ရေး အခြေစိုက်စခန်းသစ်သည် စစ်ဖြစ်ပွားပါက ရုရှား၏ ဦးစားပေး ပစ်မှတ်များထဲတွင်ပါဝင်နေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာဟာရိုဗာကပြောကြား

ပိုလန်နိုင်ငံရှိ အမေရိကန်နိုင်ငံ၏ဒုံးကျည်ကာကွယ်ရေး အခြေစိုက်စခန်းသစ်သည် စစ်ဖြစ်ပွားပါက ရုရှား၏ ဦးစားပေး ပစ်မှတ်များထဲတွင်ပါဝင်နေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာဟာရိုဗာကပြောကြားခဲ့ကြောင်း သိရှိရသည်။

ပိုလန်နိုင်ငံတွင် ဒုံးကျည်ကာကွယ်ရေး အဆောက်အအုံ တစ်ခုဖွင့်လှစ်ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ပြီး မဟာဗျူဟာအရ အန္တရာယ်များတိုးလာစေခဲ့ကြောင်း၊ အဆိုပါ အခြေစိုက် စခန်းသည် ရုရှားတပ်များ ပစ်မှတ်ထားနိုင်သည့် ဦးစားပေး ပစ်မှတ်စာရင်းတွင် ကြာရှည်စွာရှိနေခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာဟာရိုဗာက ပြောကြားခဲ့ပါသည်။

ပိုလန်နိုင်ငံတွင် ပထမဆုံးသော အမြဲတမ်း အမေရိကန် စစ်အခြေစိုက်စခန်းကို နိုဝင်ဘာ ၁၉ ရက်တွင် ဖွင့်လှစ် ခဲ့ကြောင်း၊ Aegis Ashore ဒုံးကျည်ကာကွယ်ရေးစနစ်ကို နေရာချထားပြီး ရေဒါနှင့် SM-3 ပစ်လွှတ်နိုင်သည့် စက်ပစ္စည်းများကိုပိုလန်နိုင်ငံမြောက်ပိုင်းရှိ Redzikowo ကျေးရွာတွင်နေရာချထားကြောင်း သိရှိရသည်။

ကိုးကား - ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန