တရုတ်နိုင်ငံထုတ် EV ကားများကြောင့် မြင့်မားသည့် ကုန်ကျစရိတ်နှင့်အတူ တင်းမာသည့်ပြိုင်ဆိုင်မှုများဖြင့် ဂျာမန်ကားထုတ်လုပ်သူများ ခရောင်းလမ်းဆီသို့ ဦးတည်နေ
ယခုလများအတွင်း Mercedes-Benz ၊ BMW နှင့် Volkswagen ကဲ့သို့ ဧရာမ ကားကုမ္မဏီကြီးများသည် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများကြောင့် မကြုံစဖူး ဖိအားများနှင့် ကြုံတွေ့နေရကြောင်း၊ နည်းပညာမြင့် တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများက ဥရောပတွင် ဝင်ရောက်နေရာ ယူလာကြကြောင်း၊ ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံအကြား အခွန်စည်းကြပ်မှု တင်းမာလာခြင်း ကြောင့် ဂျာမနီမော်တော်ကားကုမ္ပဏီကြီး ၃ ခုတို့၏ အမြတ်အစွန်းများ ကျဆင်းလာကြောင်း ဖော်ပြထား သည်။
ဂျာမနီသည် ကားထုတ်လုပ်မှုစွမ်းရည်မြင့်မားသော်လည်း ကမ္ဘာကြီးသည် ဓာတ်ဆီလောင်ကျွမ်းသည့် အင်ဂျင်မှ ဘတ်ထရီစွမ်းအင်သုံး ကားများအဖြစ် ပြောင်းလဲလာ သဖြင့် ရုန်းကန်နေရပါကြောင်း၊ မော်တော်ကား ထုတ်လုပ်မှုအတွက် စွမ်းအင်ကုန်ကျစရိတ် တိုးမြင့် လာခြင်း၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကဲ့သို့ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက လုပ်သားစရိတ်မြင့်မားခြင်းအပြင် ဥရောပသမဂ္ဂ၏ တင်းကျပ်သော စည်းမျဉ်းများကလည်း အဟန့်အတားဖြစ်နေပါကြောင်း ဖော်ပြထားသည်။
ထို့ပြင် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်၏ အမေရိက သို့ ဥရောပမော်တော်ယာဉ်များ တင်ပို့မှုတွင် အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံရန် သတိပေး ချက်ကလည်း ဂျာမန် ကားအမှတ်တံဆိပ်များ၏ ကုန်သွယ်ရေး လိုငွေပြမှုနှင့်ပတ်သက်၍ အမျက်ဒေါသ ထွက်စရာကောင်းနေကြောင်း CNA က ဖော်ပြထားပါသည်။
ကိုးကား - CNA