ဂျိုဟိုးပြည်နယ်ရှိ အင်ဂျင်ဝိုင်သိုလှောင်ရုံတစ်ခု၌ မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွား
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်၌ရှိသော စက်မှုဇုန်တစ်ခု၏ အင်ဂျင်ဝိုင်သိုလှောင်ရုံတစ်ခုတွင် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း တာဝန်ရှိသူများကပြောသည်။
အဆိုပါမီးလောင်မှုကြောင့် မီးခိုးလုံးများ အလိပ်လိုက်တက်လာကာ အနီးနားရှိ ဒေသခံများကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးလိုက်ရကြောင်း တာဝန်ရှိသူများ က ဇွန်လ ၂၁ ရက်တွင်ပြောသည်။
မီးလောင်မှုသည် ဇွန်လ ၂၁ ရက်မွန်း လွဲဝိုင်းတွင် ဖြစ်ပွားခြင်းဖြစ်ပြီး လေပြင်းများတိုက်ခတ်မှု၊ မီးတောက်က အနီးရှိဆီဟောင်းသိုလှောင်ရုံသို့ကူးစက်သွားမှု တို့ကြောင့် မီးလောင်မှုကြီးမားရခြင်းဖြစ်သည်။
ထိုမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူရှိသည်ဟု သတင်းများမတက်လာသေးကြောင်း၊ အင်ဂျင်ဝိုင်သိုလှောင်ရုံ၌ လောင်သည့်မီးသည် အခင်းဖြစ်ပွားရာနေ ရာမှ မီတာ ၅၀ အကွာတွင်ရှိသည့် လူနေအိမ်ရာဘက်အထိ ကူးစက်သွားကြောင်း မလေးရှားနိုင်ငံပိုင်သတင်းဌာနကဖော်ပြထားသည်။
Ref: Xinhua
MWD Daily Newspaper