ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အမေရိကန်က အီရန်ကို လေကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ “အလွန်စိုးရိမ်နေကြောင်း” ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးအတွက် တောင်းဆို

News Image

  • ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အမေရိကန်က အီရန်ကို လေကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ “အလွန်စိုးရိမ်နေကြောင်း” ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးအတွက် တောင်းဆို

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တနင်္ဂနွေ (ဇွန် ၂၂) နံနက်အစောပိုင်းက အမေရိကန်က အီရန်ကို လေကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ “အလွန်စိုးရိမ်နေကြောင်း” ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးအတွက် တောင်းဆိုကာ မငြိမ်မသက်ဖြစ်နေသော ဒေသ တွင် ပဋိပက္ခ ထပ်မံမြင့်တက်လာမှုကို သတိပေးခဲ့သည်။

“ယခုပဋိပက္ခသည် အလျင်အမြန် ထိန်းချုပ်မရဖြစ်လာနိုင်သည့် အန္တရာယ် ရှိနေပြီး ပြည်သူများ၊ ဒေသနှင့် ကမ္ဘာတစ်ဝှမ်းအတွက် အလွန် ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည်” ဟု ၎င်းက သတိပေး ပြောကြား ခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို ကုလသမဂ္ဂ ကြေညာ စာတမ်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများအရ မိမိတို့၏တာဝန်များကို လိုက်နာကာ အရှိန်လျှော့ချရန် တိုက်တွန်းခဲ့သည်။

“စစ်ရေးဖြေရှင်းနည်းဟူ၍ မရှိပါ။ တစ်ခုတည်းသော ရွေးချယ်စရာ နည်းလမ်းမှာ သံတမန်နည်းလမ်းသာ ဖြစ်သည်” ဟု ၎င်းက ရေးသား ဖော်ပြခဲ့သည်။

ကိုးကား- CNN

Photo: Arab News

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂