တရုတ်နိုင်ငံထုတ် တိုက်လေယာဉ်များကို ပါရီလေကြောင်းပြပွဲတွင် ပြသ

News Image

  • တရုတ်နိုင်ငံထုတ် တိုက်လေယာဉ်များကို ပါရီလေကြောင်းပြပွဲတွင် ပြသ

တရုတ်နိုင်ငံသည် ၎င်းနိုင်ငံထုတ် တိုက်လေယာဉ်များကို ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့အကြီးဆုံး လေကြောင်းပြပွဲတစ်ခုတွင် ခင်းကျင်းပြသလျက်ရှိပြီး တရုတ်နိုင်ငံမှ ကုမ္ပဏီများ၊ အခြားအဖွဲ့အစည်း များအပြင် အခြားနိုင်ငံပေါင်း ၄၇ နိုင်ငံမှ အဖွဲ့အစည်းများလည်း ပြပွဲတွင် ပါဝင်လျက်ရှိသည်။ 

ယခုနှစ်တွင် တရုတ်နိုင်ငံမှ အဖွဲ့အစည်းပေါင်း ၇၆ ခုက ပါဝင်ပြသမည် ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ပြပွဲတွင် ပါဝင်ခဲ့သည့် အရေအတွက် ထက် နှစ်ဆကျော် ပိုမိုပါဝင်လာသည်။ အကြောင်းမှာ လက်နက် တင်ပို့မှု ဈေးကွက်တွင် တရုတ်၏အခန်းကဏ္ဍကို မြှင့်တင်လို၍ အခွင့်အလမ်း ရှာဖွေခြင်းဖြစ်ပြီး ၎င်းတို့ပြသထားသည့် တိုက်လေယာဉ်များတွင် J-10 အမျိုးအစား တိုက်လေယာဉ်နှင့် နောက်ဆုံးပေါ် ကိုယ်ပျောက်တိုက် လေယာဉ် J-35 အမျိုးအစားတို့လည်း ပါဝင်သည်။ 

တရုတ်နိုင်ငံသည် J-10 အမျိုးအစား တိုက်လေယာဉ်ကို ပါကစ္စတန် နိုင်ငံသို့ တင်ပို့ပြီး ပြီးခဲ့သည့်လတွင် အိန္ဒိယစစ်တပ်က အသုံးပြုနေသည့် ပြင်သစ်နိုင်ငံထုတ် Rafale တိုက်လေယာဉ်ကို J-10 အမျိုးအစား တိုက် လေယာဉ်က ပစ်ချနိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က အခိုင်အမာ ပြောဆို ထားသည်။ 

အဆိုပါလေကြောင်းပြပွဲတွင် ခင်းကျင်းပြသထားသည့် တရုတ်နိုင်ငံထုတ် တိုက်လေယာဉ်များနှင့်ပတ်သက်၍ ဖွံ့ဖြိုးရေးကုမ္ပဏီတစ်ခု၏အကြီးတန်းအရာရှိတစ်ဦးက တရုတ်နိုင်ငံ၏ လေကြောင်းဆိုင်ရာ လုပ်ငန်း များသည် နောက်လိုက်နေရာမှ ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်သည့် အနေအထားသို့ ပြောင်းလဲလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဥရောပလေကြောင်းလုပ်ငန်း ကိုယ်စားလှယ် တစ်ဦးကလည်း တရုတ် နိုင်ငံသည် ဈေးကွက်အတွင်း အခွင့်အလမ်းကြီးကြီးမားမားရရှိနေပြီး အားကောင်းသည့် ပြိုင်ဘက်တစ်ဦးဖြစ်လာနေပြီဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

ကိုးကား - NHK

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃