အရှေ့အလယ်ပိုင်း ဝေဟင်ပိုင်နက်များကို နိုင်ငံတကာလေကြောင်းလိုင်းများ ရှောင်ကွင်းပျံသန်းနေရ

News Image

  • အရှေ့အလယ်ပိုင်း ဝေဟင်ပိုင်နက်များကို နိုင်ငံတကာလေကြောင်းလိုင်းများ ရှောင်ကွင်းပျံသန်းနေရ

လန်ဒန် ဇွန် ၂၂

အီရန်နျူကလီးယား အဆောက်အအုံများကို အမေရိကန်နိုင်ငံက ယနေ့တွင်တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများအနေဖြင့် အရှေ့အလယ်ပိုင်း ဝေဟင်ပိုင်နက် အတော်များများကို ဆက်လက်ရှောင်ကွင်းပျံသန်းနေရကြောင်း သိရသည်။ လေကြောင်းခရီးစဉ်စောင့်ကြည့်ရေးဝက်ဘ်ဆိုက်များ၏အဆိုအရ ယနေ့တွင် နိုင်ငံတကာလေကြောင်း လိုင်းများအနေဖြင့်အီရန်၊ အစ္စရေး၊ အီရတ်နှင့်ဆီးရီးယားဝေဟင်များကို ရှောင်ကွင်းပျံသန်းနေကြဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါဝေဟင်ပိုင်နက်များကို ဖြတ်သန်းရမည့် လေကြောင်းလမ်းများနေရာတွင် ကက်စပီယံ ပင်လယ်ဖြတ် လေကြောင်းလမ်းများ၊ အီဂျစ်နှင့် ဆော်ဒီအာရေဗျ ဝေဟင်ပိုင်နက်လေလမ်းကြောင်းများအစားထိုးအသုံးပြုနေရကြောင်း လေကြောင်းခရီးစဉ် စောင့်ကြည့်ရေးဝက်ဘ်ဆိုက်များက သတင်း ထုတ်ပြန်ထားသည်။

အစ္စရေးနိုင်ငံက ဇွန် ၁၃ ရက် တွင်အီရန်နျူကလီးယားအဆောက်အအုံများကို စစ်ရေးအရစတင် တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများ အနေဖြင့် အရှေ့အလယ်ပိုင်းဝေဟင်ပိုင်နက်များကို စတင်ရှောင်ရှားခဲ့ရသည်။

လက်ရှိအချိန်တွင် အစ္စရေးနှင့် အီရန်ပဋိပက္ခမှာ ယနေ့တွင် ၁၀ ရက်တာကာလအတွင်း ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

YDNB Newspaper

Photo - CNA