အရှေ့တရုတ်ပင်လယ် ပိုင်ဆိုင်ခွင့်အငြင်းပွားကျွန်းစုအနီး တရုတ်သင်္ဘောများ ဆက်တိုက်လှုပ်ရှားနေဟုဆို

News Image

  • အရှေ့တရုတ်ပင်လယ် ပိုင်ဆိုင်ခွင့်အငြင်းပွားကျွန်းစုအနီး တရုတ်သင်္ဘောများ ဆက်တိုက်လှုပ်ရှားနေဟုဆို

တိုကျို ဇွန် ၂၂

အရှေ့တရုတ် ပင်လယ်ဒေသပိုင်ဆိုင်ခွင့်အငြင်းပွားကျွန်းများအနီး လှုပ်ရှားသွားလာနေသော တရုတ်သင်္ဘောများကို ၂၁၆ ရက် မြောက်နေ့အဖြစ် တွေ့ရှိထား ကြောင်း ဂျပန်အစိုးရက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံက ဆန်ကာကူ ကျွန်းစုဟူ၍ သတ်မှတ်ထားပြီး တရုတ်နိုင်ငံက တောင်ယုကျွန်းစုဟုခေါ်ဝေါ်သည့် အဆိုပါအရှေ့ တရုတ်ပင်လယ် ကျွန်းစုဒေသ သည် တရုတ်နှင့် ဂျပန်တို့ကြား ပိုင်ဆိုင်ခွင့် အငြင်းပွားနေသည့် နယ်မြေဖြစ်သည်။

သို့ရာတွင် လက်ရှိအချိန်တွင် ဆန်ကာကူ၊ ကျွန်းစုကို ဂျပန်နိုင်ငံက ထိန်းချုပ်ထားပြီး တရုတ်နိုင်ငံက ပိုင်ဆိုင်ခွင့်တောင်းဆိုထားသည်။ ယနေ့တွင် ဆန်ကာကူကျွန်း၏ ရေပိုင် ၁၂ မိုင် ရေပိုင်နက် အတွင်းမောင်းနှင်နေသည့် တရုတ် ကမ်းခြေစောင့်တပ် သင်္ဘောလေးစီးကို တွေ့ရှိထားကြောင်း ဂျပန်အစိုးရသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်အတွင်း တရုတ်သင်္ဘောများသည် ဆန်ကာကူကျွန်းစု၀န်းကျင်၌ ရက်ပေါင်း ၂၁၅ ရက်ဆက်တိုက်မောင်းနှင်လှုပ်ရှားခဲ့ကြောင်း ဂျပန်အစိုးရတာဝန်ရှိသူများက ပြောကြားထားသည်။

ဆန်ကာကူ ကျွန်းစုအနီး တရုတ်သင်္ဘောများလာရောက်မှုကို ဂျပန်အစိုးရက သံတမန်ရေးအရ ကန့်ကွက်လေ့ရှိကြောင်း သိရသည်။ 

Ref: RT

Τrs: KKO

YDNB Newspaper