ရုရှားတပ်မတော်သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံအပေါ် တိုက်ချင်းပစ်ဒုံးကျည်(ICBM) ကို အသုံးပြု ပစ်ခတ်ခဲ့ကြောင်း
ရုရှားတပ်မတော်သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံအပေါ် တိုက်ချင်းပစ်ဒုံးကျည်(ICBM) ကို အသုံးပြုပစ်ခတ်ခဲ့ကြောင်း ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးတပ်များက ပြောကြားခဲ့ပါသည်။
နျူကလီးယားထိပ်ဖူး မတပ်ဆင်ထားသည့် အဆိုပါ ဒုံးကျည်သည် Kh-101 ခရုဇ်ဒုံးကျည် ခုနစ်စင်းနှင့်အတူ ယူကရိန်းတောင်ပိုင်း၊ Dnepropetrovsk ဒေသရှိ Dnipro မြို့၊ Yuzhmash စက်ရုံအား နိုဝင်ဘာ ၂၁ ရက် နံနက် တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါ ဒုံးကျည်ပစ်ခိုက်တိုက်ခိုက်မှုအား ယူကရိန်းကာကွယ်ရေး တပ်များသည် ဟန့်တားပစ်ချနိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
မကြာသေးမီရက်များအတွင်း ရုရှားပိုင်နက်တွင် အမေရိကန်နိုင်ငံထုတ် ATACMS ဒုံးကျည်များနှင့် ဗြိတိန်၏ Storm Shadow ဒုံးကျည်များကို ယူကရိန်းက ပစ်လွှတ်ခဲ့ပြီးနောက် အဆိုပါ ICBM ဒုံးကျည်ကို အသုံး ပြုတိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်ပါသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ICBM ဒုံးကျည် အသုံးပြုခြင်း နှင့်ပတ်သက်၍ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကိုးကား - Fox News