စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ဆက်တိုက်ကျဆင်းလာ

News Image

  • စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ဆက်တို-က်ကျဆင်းလာ

စားသုံးသူဈေးကွက်အတွင်း ရောင်းချရန် ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို (၆,၀၈၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်ပါတ်တွင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ (၆,၁၁၀) ကျပ်ဖြစ်ပြီး ဇွန်လ (၂၃) ရက်မှ (၂၉) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် (၆,၀၈၀) ကျပ်ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားသည်။

ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်ရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

‌ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် FX Trading တွင် စားသုံးဆီလုပ်ငန်းရှင်များအတွက် ဇွန်လ (၂၀) ရက်တွင် အမေရိကန်ဒေါ်လာ (၈)သိန်း ထပ်မံရောင်းချပေးခဲ့ပြီး ဇွန်လ (၁၉) ရက်တွင်လည်း FX Trading ၌ စားသုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ (၁.၅) သန်းကျော် ရောင်းချပေးထားကြောင်း သိရသည်။

Popular Myanmar