ရုရှားသမ္မတ ပူတင်သည် နိုဝင်ဘာလ ၂၁ ရက်နေ့ ဒေသ စံတော်ချိန် ၂၀၁၀ တွင် ယူကရိန်းအထူးစစ်ဆင်ရေး နှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်ထုတ်ပြန်ကြေညာချက် ကို ပြောကြား

News Image

  • Photo - Reuter

ရုရှားသမ္မတ ပူတင်သည် နိုဝင်ဘာလ ၂၁ ရက်နေ့ ဒေသ စံတော်ချိန် ၂၀၁၀ တွင် ယူကရိန်းအထူး စစ်ဆင်ရေး နှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်ထုတ်ပြန်ကြေညာချက် ကို ပြောကြားခဲ့သည်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင် ယူကရိန်းနိုင်ငံသည် အနောက်နိုင်ငံများ၏ တာဝေးပစ်လက်နက်များကိုရုရှားနိုင်ငံအား တိုက်ခိုက်ရန်အသုံးပြုခဲ့ကြောင်း၊ နိုဝင်ဘာ ၁၉ ရက် နှင့် နိုဝင်ဘာ ၂၀ရက်နေ့များတွင် ယူကရိန်းတို့သည် ATACMS  ဒုံးကျည် ၆ လုံးနှင့် Storm Shadow  ဒုံးကျည်များဖြင့် ရုရှား၏ Kursk နှင့် Bryansk ဒေသများရှိပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း၊ Kursk ဒေသတွင် အသေအပျောက်များရှိခဲ့ပြီး ရုရှား၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များက ဒုံးကျည်များ ကို တွန်းလှန်တိုက်ခိုက်ခဲ့ရကြောင်း၊ ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ တာဝေးပစ်ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများကြောင့် ယူကရိန်းပဋိပက္ခသည် “ကမ္ဘာ လုံး ဆိုင်ရာအတိုင်းအတာ”သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် INF စာချုပ်ကို ဖျက်စီး ခြင်းဖြင့် အမှားပြုလုပ်ခဲ့ပြီး၊ အဆိုပါ စစ်ပွဲအရှိန်မြှင့်ခြင်း အတွက် အမေရိကန်ပြည်ထောင်စုတွင် တာဝန်ရှိကြောင်း ဗလာဒီမီယာပူတင်ကပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ရုရှားတပ်မတော် သည် နောက်ဆုံးထုတ်“medium-range ballistic missiles” "Oreshnik"ကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ရုရှားနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ များသည် ရုရှားနယ်မြေပေါ်တွင် အမေရိကန်နှင့် ဗြိတိန် တို့၏တိုက်ခိုက်မှုများကို တုံ့ပြန်ရန် ယူကရိန်းကာကွယ် ရေးလုပ်ငန်းတစ်ခုအား နောက်ဆုံးထုတ် တာလတ်ပစ် Oreshnik ဒုံးကျည်ဖြင့် ပေါင်းစပ်တိုက်ခိုက်ခဲ့ကြောင်း သမ္မတ ပူတင်က ကြေညာခဲ့ပါသည်။

ရုရှားနိုင်ငံသည် စစ်ရေးတင်းမာမှုများ မြင့်တက်လာပါက ပြတ်ပြတ်သားသားနှင့် တူညီသောတုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံရှိ အရပ်သားများနှင့်အခြားသော မိတ်ဆွေ နိုင်ငံများမှ နိုင်ငံသားများအား တိုက်ခိုက်မှုဇုန်များမှ ကြိုတင်ထွက်ခွာရန် အခွင့်အလမ်းပေးမည် ဖြစ်ကြောင်း၊ ထို့အပြင် ရုရှားနိုင်ငံသည် ၎င်းကို တိုက်ခိုက်သည့် လက်နက်များအသုံးပြုခွင့်ပေးသည့် နိုင်ငံများ၏ စစ်ရေး ပစ်မှတ်များကိုတိုက်ခိုက်ရန် လက်နက်များ အသုံးပြုခွင့် ရှိသည်ဟု ရုရှားနိုင်ငံကယူဆကြောင်း ၊ ရုရှားနိုင်ငံသည် ငြိမ်းချမ်းသောနည်းလမ်းများကို ပိုမိုနှစ်သက်သော်လည်း မည်သည့်ဖြစ်ရပ်မဆို ဖြစ်ပေါ်လာပါက တုန့်ပြန်ရန်လည်း အသင့်ရှိနေကြောင်း ၊ ရုရှားနိုင်ငံ၏  Oreshnik ဒုံးကျည် များကို တန်ပြန်ရန် လက်ရှိတွင်နည်းလမ်းမရှိသေးကြောင်း၊ ၎င်းတို့အနက် တစ်ခုသည် ယူကရိန်းနိုင်ငံရှိ အခြေခံ အဆောက်အအုံကို အစောပိုင်းကထိမှန်ခဲ့ကြောင်း၊ ဥရောပရှိ အမေရိကန်၏ အစိတ်အပိုင်းများ အပါအဝင် ခေတ်မီလေကြောင်းရန် ကာကွယ်ရေးစနစ်များသည် တစ်စက္ကန့်လျှင် ၂.၅ မှ ၃ ကီလိုမီတာနှုန်း အရှိန် ၁၀ machsဖြင့် ပစ်ခတ်နိုင်သည့် Oreshnik ဒုံးကျည်များကို ကြားဖြတ်ပစ်ခတ်ခြင်းမရှိသေးကြောင်း သမ္မတ ပူတင် က ပြောကြားခဲ့သည်။

ရုရှားသမ္မတက လက်ရှိအချိန်တွင် ရုရှားပြည်ထောင်စု ၏နောက်ဆုံးပေါ်လက်နက်များကို တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းမရှိသေးကြောင်း ထပ်လောင်းပြောကြားခဲ့ သည်။

ကိုးကား- https://edition.cnn.com/2024/11/21/europe/ukraine-russia-missile-wwk-intl/index.html