ထရန့်၏ အခွန်စည်းကြပ်မှု အဆိုပြုမှုအသစ်က ၂၀၂၆ ခုနှစ်အရောက်တွင် အမေရိကန်နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးမှု ထိခိုက်လာနိုင် ဟု မော်ဂန်စတန်လေ သတိပေး
ဇန်နဝါရီ ၂၀ ရက်တွင် အမေရိကန်သမ္မတရာထူး စတင် တာဝန်ယူမည့် ဒေါ်နယ်ထရန့်က အဆိုပြုထားသော အခွန်စည်းကြပ်မှု မူအသစ်သည် ၂၀၂၆ ခုနှစ်အရောက် တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်ကြောင်း မော်ဂန်စတန်လေ၏ Chief Global Economist ဖြစ်သူ Seth Carpenter က ပြောကြားလိုက်ပါသည်။
ဒေါ်နယ်ထရန့်က သမ္မတရွေးကောက်ပွဲကာလအတွင်း စက်တင်ဘာလက ပြုလုပ်ခဲ့သည့် စကားစစ်ထိုးပွဲ တစ်ခု၌ အမေရိကန်နိုင်ငံ၏ အခွန်စည်းကြပ်မည့် အဆိုပြုချက်တစ်ရပ်ကို ချပြခဲ့ပါသည်။ ယင်းအဆိုပြု ချက်တွင် အမေရိကန်နိုင်ငံက ပြည်ပနိုင်ငံများမှ မိမိ နိုင်ငံအတွင်းသို့ တင်သွင်းလာသည့် မည်သည့်ကုန်ပစ္စည်း ကိုမဆို အခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ စည်းကြပ်ကောက်ခံရန်လည်းကောင်း၊ တရုတ်နိုင်ငံမှ တင်သွင်းလာသည့်ကုန်ပစ္စည်းများကိုမူ ၆၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းတိုင်အောင် စည်းကြပ်ကောက်ခံရန် လည်းကောင်း ဖော်ပြထားပါသည်။
“ယင်းသည် အလွန်ရှင်းနေသည့်ကိစ္စဖြစ်ကြောင်း၊ ယခု ကဲ့သို့ အခွန်စည်းကြပ်မှုများက ငွေကြေးဖောင်းပွမှုကို ဖြစ်စေမည်ဖြစ်ကြောင်း၊ အခွန်စည်းကြပ်ခံရသည့် နိုင်ငံ များကို သက်ရောက်မည် မဟုတ်ဘဲ အမေရိကန်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမည် ဆိုသည်မှာ ရှင်းလင်းကြောင်း” Seth Carpenter က ပြောကြားကြောင်း CNBC က ဖော်ပြထားပါသည်။
ကိုးကား - CNBC