အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “အမေရိကန်က အီရန်ကို တိုက်ခိုက်မှုသည် သမိုင်းကို ပြောင်းလဲသွားစေမည်” ဟု ပြောကြား

News Image

  • အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “အမေရိကန်က အီရန်ကို တိုက်ခိုက်မှုသည် သမိုင်းကို ပြောင်းလဲသွားစေမည်” ဟု ပြောကြား

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် “ရဲရင့်သောဆုံးဖြတ်ချက်” ချမှတ်ခဲ့သည့်အတွက် ချီးကျူး ဂုဏ်ပြုလိုက် ပါသည်။

စနေနေ့ (ဇွန် ၂၁) ညပိုင်းတွင် အမေရိကန်က အီရန်၏ Fordow ၊ Natanz နှင့် Esfahan ရှိ စက်ရုံများကို တိုက်ခိုက်ခဲ့ရာ တီဟီရန်က ယင်းလုပ်ရပ်အား အပြည်ပြည်ဆိုင်ရာဥပဒေနှင့် နျူကလီးယား လက်နက်မပြန့်ပွားရေး စာချုပ် (NPT) ၏ “ပြင်းထန်သောချိုးဖောက်မှု” အဖြစ် ရှုတ်ချခဲ့သည်။

နေတန်ယာဟုက အဆိုပါတိုက်ခိုက်မှုသည် သမိုင်းဝင် အလှည့်အပြောင်း တစ်ခုဖြစ်ကာ “အရှေ့အလယ်ပိုင်းနှင့် အခြားဒေသများအား သာယာဝ ပြောသော အနာဂတ်ဆီသို့ ဦးတည်စေနိုင်သည့် သမိုင်းဆိုင်ရာအချက်” ဟု ပြောကြားခဲ့သည်။

“ဂုဏ်ယူပါတယ် သမ္မတထရမ့်၊ အမေရိကန်၏ အားကောင်းပြီး တရားမျှတသော တန်ခိုးအာဏာဖြင့် အီရန်၏နျူကလီးယားစက်ရုံများကို ရည်မှန်းတိုက်ခိုက်ရန် သင့်ရဲရင့်သောဆုံးဖြတ်ချက်သည် သမိုင်းကို ပြောင်းလဲသွားစေမည်” ဟု နေတန်ယာဟုက ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂