တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလတွင် စစ်ရေးပြအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း ကြေညာ

News Image

  • တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလတွင် စစ်ရေးပြအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း ကြေညာ

တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလတွင် စစ်ရေးပြအခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း ဇွန်လ ၂၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့ တီယန်မင်ရင်ပြင်၌ ကျင်းပမည့်အဆိုပါအခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း ထိပ်တန်းစစ်ဘက်အရာရှိတစ်ဦးက သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့ပါသည်။ 

အဆိုပါ စစ်ရေးပြအခမ်းအနားတွင် မြေပြင်တပ်ဖွဲ့များ စနစ်တကျ ချီတက်ခြင်း၊ လေယာဉ်များပျံဝဲပြသခြင်းနှင့် ခေတ်မီနည်းပညာဖြင့် တိုက်ခိုက်သည့် စက်ပစ္စည်းကိရိယာများ ပါဝင်ပြသမည်ဖြစ်ပါသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်မည်ဟု ကရင်မလင် နန်းတော်က ပြောကြားခဲ့ပြီး အခြားကမ္ဘာ့ခေါင်းဆောင်များကလည်း နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်မည်ဟု မျှော်လင့် ရပါသည်။

“ကွန်မြူနစ်ပါတီဗဟိုကော်မတီနှင့် စစ်တပ်ဗဟိုကော်မတီတို့သည် ယခုနှစ် စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့ တီယန်မင်ရင်ပြင်တွင် ကြီးကျယ်သော စစ်ရေးပြချီတက်ပွဲတစ်ရပ်ကျင်းပရန် ဆုံးဖြတ်ခဲ့သည်” ဟု တရုတ် စစ်တပ် ဗဟိုကော်မတီမှ Mr Wu Zeke က ပြောကြားခဲ့ပါသည်။

“CPC ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ နှင့်  စစ်တပ်ဗဟိုကော်မတီ၏ ဥက္ကဋ္ဌ ရှီကျင့်ဖျင်သည် တပ်ဖွဲ့များကိုစစ်ဆေးမည် ဖြစ်ပါသည်။ စစ်ရေးပြအခမ်းအနားတွင် စနစ်တကျ ချီတက် ဂုဏ်ပြုမည့်တပ်ဖွဲ့များ၊ သံချပ်ကာတပ်ဖွဲ့များနှင့် လေကြောင်းအဆင့် တပ်ဖွဲ့များ” ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံတော်သတင်းအေဂျင်စီ ဆင်ဟွာ က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် “မောင်းသူမဲ့ စက် ကိရိယာများ၊ ဉာဏ်ရည်ထက်မြက်သည့် စက်ကိရိယာများအပါအဝင် တိုက်ခိုက်ရေးတပ်ဖွဲ့အမျိုးအစားသစ်များ ကိုလည်းထုတ်ဖော်ပြသမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ပြောကြားခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် အမြောက်ရေ အချက် ၇၀ ပစ်ခတ်ခြင်း၊ ထောင်နှင့်ချီသောတပ်ဖွဲ့များသည် ထျန်အန်းမင်ရင်ပြင်ကို စနစ်တကျ ချီတက်ခြင်းနှင့်အတူ ကြီးမားသည့် စစ်ရေးပြအခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ပါသည်။

ကိုးကား- straitstimes