ဂျာမနီ ဝန်ကြီးချုပ် Scholz က ရုရှား၏ "Oreshnik" ဒုံးကျည်ပစ်ခတ်မှုကို "ကြောက်စရာကောင်းသော စစ်ရေး တိုးမြင့်မှု" ဟု ပြောကြား

News Image

  • ဂျာမနီ ဝန်ကြီးချုပ် Scholz က ရုရှား၏ "Oreshnik" ဒုံးကျည်ပစ်ခတ်မှုကို "ကြောက်စရာကောင်းသော စစ်ရေး တိုးမြင့်မှု" ဟု ပြောကြား

ရုရှား-ယူကရိန်းစစ်ပွဲသည် မည်မျှအန္တရာယ်ကြီးကြောင်း ရှင်းရှင်းလင်းလင်း သိသာထင်ရှားလာပြီ ဖြစ်ကြောင်း၊ သမ္မတ ပူတင်က ယူကရိန်းပိုင်နက်ကို တိုက်ခိုက်ရန် တာလတ်ပစ် ဒုံးကျည်များကို အသုံးပြုခဲ့ခြင်းသည် ကြောက်စရာကောင်းသည့် စစ်ရေးတိုးမြင့်လာမှု ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ဂျာမနီသည် ယူကရိန်း အား တာဝေးပစ် Taurus ဒုံးကျည်များ ထောက်ပံ့ ပေးမည်မဟုတ်ကြောင်း၊ ရုရှားပိုင်နက်ရှိ နေရာများကို ပစ်မှတ်ထားရန် ဂျာမန်လက်နက်များ အသုံးပြုရန် ယူကရိန်းကို ခွင့်မပြုထားကြောင်း ဂျာမနီ ဝန်ကြီးချုပ် Scholzက ၎င်း၏ရပ်တည်ချက်နှင့်ပက်သတ်၍ ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကိုးကား - RIA Novasti သတင်းဌာန