ထရန့်အစိုးရသစ်အတွက် ရှေ့နေချုပ်ရာထူး ကြေညာ
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် အစိုးရသစ်အတွက် ဝါရင့်ရှေ့နေတစ်ဦးဖြစ်သူ Pam Bondi အား ရှေ့နေချုပ် ရာထူးခန့်အပ်ရန် ရွေးချယ် သတ်မှတ်လိုက်ပါသည်။
Pam Bondi သည် တရားဥပဒေစိုးမိုးရေးလုပ်ငန်း များကို ကာလရှည်ကြာဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပြီး ယခင်ကဖလော်ရီဒါပြည်နယ် ရှေ့နေချုပ်အဖြစ် တာဝန် ထမ်းဆောင်ဖူးသူလည်း ဖြစ်ပါသည်။
“သူမက ရှေ့နေသက်တမ်း အနှစ် ၂၀ နီးပါး ရှိပြီး အကြမ်းဖက် ရာဇဝတ်မှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့သူဖြစ်ကြောင်း၊ ဖလော်ရီဒါ ၌ရှိသည့်လမ်းများကိုဘေးကင်းလုံခြုံသွားစေရန် သူမက ဆောင်ရွက်ပေးခဲ့သဖြင့် သူမကို ရွေးချယ်လိုက်ကြောင်း” ထရန့်၏လူမှုမီဒီယာ၌ ပြောကြားထားကြောင်း BBC တွင် ဖော်ပြထားပါသည်။
ကိုးကား- BBC
https://www.bbc.com/news/articles/cjr4g50wxp2o
MM-News-Category