ရုရှားသမ္မတနှင့် တူရကီသမ္မတ ဖုန်းပြောကြား
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တူရကီသမ္မတ အာဒိုဂန် တို့သည် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာစေရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပူတင်နှင့် အာဒိုဂန်တို့သည် အောက်တိုဘာ ၂၃ ရက်က ရုရှားနိုင်ငံ၊ Kazan ၌ ကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေးပြင်ပတွင် အလွတ်သဘော တွေ့ဆုံခဲ့ကြပြီး ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာများအပြင် တူရကီတွင် နိုင်ငံတကာဓာတ်ငွေ့ဗဟိုချက်မ တစ်ခု ဖန်တီးမည့် စီမံကိန်းကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ကိုးကား - TASS (Russia New Agency)