ဗြိတိန်ကြေးစားစစ်သားတစ်ဦး ရုရှားတွင် ဖမ်းဆီးချုပ် နှောင်ခံထားရ
James Scott Rhys Andersen အမည်ရှိ ဗြိတိန် ကြေးစားစစ်သားတစ်ဦးအား ရုရှားနိုင်ငံ Kursk ဒေသတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း စစ်ဖက်ဆိုင်ရာ အရင်းအမြစ်တစ်ခုက TASS ကို ပြောကြားလိုက်ပါ သည်။
သူသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဗြိတိန်တပ်ဖွဲ့၏ ဆက်သွယ်ရေးတပ်ရင်း (Signal Regiment) တစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်မှုထမ်းခြင်းမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ငွေကြေးနှင့်မိသားစု ပြဿနာ များအတွက် ယူကရိန်းနိုင်ငံခြားသားတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း အဖမ်းဆီးခံရသူများနှင့် အမေးအဖြေအစီအစဉ် ထုတ်လွှင့်နေသည့် Troyka ဟု ခေါ်သော Telegram ချန်နယ်တစ်ခုတွင် အဆိုပါစစ်သားက ဖြေဆိုထားပါသည်။
ကိုးကား - TASS( Russia New Agency)