တောင်ကိုရီးယားက ယူကရိန်းနိုင်ငံကို လက်နက်ထောက်ပံ့မှုအား ရုရှားအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် တုံ့ပြန်သွားမည်

News Image

  • တောင်ကိုရီးယားက ယူကရိန်းနိုင်ငံကို လက်နက်ထောက်ပံ့မှုအား ရုရှားအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် တုံ့ပြန်သွားမည်

ယူကရိန်းနိုင်ငံသို့ တောင်ကိုရီးယားဘက်က လက်နက်ထောက်ပံ့ပေးပို့မှုသည် ဆိုးလ်နှင့် မော်စကိုကြားက ဆက်ဆံရေးကို လုံးဝပျက်ပြားစေမည်ဖြစ်ပြီး ရုရှားအနေဖြင့် လိုအပ်သလို နည်းလမ်းမျိုးစုံဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်း၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Andrey Rudenko က TASS ကို ပြောကြားလိုက်ပါသည်။ “ရုရှားနိုင်ငံသားတွေကို သတ်ဖို့အတွက် တောင်ကိုရီးယားလက်နက်တွေ အသုံးပြုခွင့်ပေးလိုက်တာက နှစ်နိုင်ငံကြားဆက်ဆံရေး လုံးဝ ပျက်ပြားစေမှာဆိုတာ သိထားရပါမယ်”  ဟု Andrey Rudenko က ပြောကြားထားပါသည်။ 

ကိုးကား -  TASS