အမေရိကန်ရွေးကောက်ခံ သမ္မတသစ် ဒေါ်နယ်ထရမ့် သည် ရုရှား-ယူကရိန်းပဋိပက္ခအတွက် အထူးသံတမန်အဖြစ် ၎င်း၏ ထောက်လှမ်းရေးအကြီးအကဲဟောင်း Richard Grenell ကိုရွေးချယ်ရန်စဉ်းစားနေ
အမေရိကန် ရွေးကောက်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်သည် ရုရှား-ယူကရိန်းပဋိပက္ခအတွက် အထူးသံတမန်အဖြစ် ၎င်း၏ထောက်လှမ်းရေးအကြီးအကဲဟောင်း Richard Grenell ကိုရွေးချယ်ရန်စဉ်းစားနေကြောင်း ယုံကြည်ရသည့် သတင်းရင်းမြစ်လေးခုမှ ကိုးကား၍ Sputnik သတင်းအေဂျင်စီက ဖော်ပြထားပါသည်။
“Richard Grenell သည် ဂျာမနီနိုင်ငံဆိုင်ရာ ထရမ့်၏ သံအမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ထရမ့်၏ ၂၀၁၇-၂၀၂၁ခုနှစ် သမ္မတသက်တမ်းအတွင်း အမျိုးသားထောက်လှမ်းရေးဌာန၏ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Richard Grenell သည် အဆိုပါရာထူးအတွက် ရွေးချယ်ခံရပါက စစ်ပွဲကိုရပ်တန့်ရန် ထရမ့်၏ ကြိုးပမ်းမှုတွင် အဓိကအခန်းကဏ္ဍမှပါဝင်မည်ဖြစ်ကြောင်း၊ ရုရှား-ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်အတွက် သီးသန့် အထူးသံတမန်မရှိသေးသော်လည်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ထိုကဏ္ဍကိုဖန်တီးရန်စဉ်းစားနေကြောင်း အတွင်းရေးဆွေးနွေးမှုများအရ သိရှိရကြောင်း”အမည်မဖော်လိုသော သတင်းရင်းမြစ်လေးခုမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား - Sputnik သတင်းအေဂျင်စီ