တပ်သားသစ်များအတွက် ကျေးဇူးတင်ခြင်းအသိအမှတ်ပြုသည့် ဥပဒေတစ်ရပ် ရုရှားသမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်
ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူကရိန်း စစ်ပွဲဆင်နွှဲရန် ဝင်ရောက်လာသည့် တပ်သားသစ်များကို ကျေးဇူးတင်ရှိသည့်အနေဖြင့် ရုရှားရူဘယ် ၁၀ သန်း ( ဒေါ်လာ ၉၅,၈၃၅ ) စီ ပေးရန် ဥပဒေတစ်ရပ်ကို စနေနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။
ထိုတပ်သားသစ်များအနေဖြင့် လာမည့် ဒီဇင်ဘာလ ၁ ရက်မှစ၍ ယူကရိန်းစစ်ပွဲတွင် အနည်းဆုံး တစ်နှစ်ထမ်းဆောင်ရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးရမည်ဟု အဆိုပါဥပဒေတွင် ဖော်ပြထားပါသည်။
ကိုးကား - ရိုက်တာ(မော်စကို)