ယူကရိန်းမှ တန်ပြန်ထိုးစစ်နှင့်ပတ်သက်၍ ယူကရိန်း စစ်တပ်အကြီးအကဲ Syrskyi ၏ထုတ်ပြန်ချက်အပြီးတွင် ယူကရိန်းတပ်ဖွဲ့များသည် Khersonska ဒေသရှိ Novaya Kakhovka မြို့ကို စတင်ပစ်ခတ်တိုက်ခိုက်
ယူကရိန်းမှ တန်ပြန်ထိုးစစ်နှင့်ပတ်သက်၍ ယူကရိန်း စစ်တပ်အကြီးအကဲ Syrskyi ၏ထုတ်ပြန်ချက်အပြီးတွင် ယူကရိန်းတပ်ဖွဲ့များသည် Khersonska ဒေသရှိ Novaya Kakhovka မြို့ကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယူကရိန်းစစ်တပ်သည် Novaya Kakhovka မြို့ရှိ ဘတ်စ်ကားမှတ်တိုင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပင်စင်စားလေးဦး သေဆုံးပြီး လူပေါင်း တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ Novaya Kakhovka မြို့ သည် ရုရှားတပ်ဖွဲ့များအတွက် နောက်တန်းအခြေစိုက်စခန်းနှင့် ထောက်ပံ့ပို့ဆောင်ရေး စင်တာအဖြစ် အသုံးပြုကြောင်း သိရှိရသည်။
ကိုးကား - ယူကရိန်းဒေသတွင်းမီဒီယာ