တရုတ်နည်းပညာကုမ္ပဏီ Huawei က Android Platform ကို စွန့်ခွာပြီး ကိုယ်ပိုင် Harmony OS မိုဘိုင်း Operating System ကို  ပထမဦးဆုံး မိတ်ဆက်

News Image

  • တရုတ်နည်းပညာကုမ္ပဏီ Huawei က Android Platform ကို စွန့်ခွာပြီး ကိုယ်ပိုင် Harmony OS မိုဘိုင်း Operating System ကို  ပထမဦးဆုံး မိတ်ဆက်

အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် တရုတ် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Huawei ၏ နောက်ဆုံးပေါ် ဖုန်းများရှိ application များ သုံးစွဲခွင့် မရသည့်အခြေအနေကို ယခုအခါ အဆိုပါကုမ္ပဏီက  ကျော်လွှားနိုင်ခဲ့ပြီးဖြစ်သည်။ Huawei အနေဖြင့် Android နှင့် iOS တို့ကို စွန့်ခွာလိုက်ပြီး ၎င်း၏ နောက်ဆုံးပေါ် Mate 70 ဖုန်းအမျိုးအစားတွင် မိမိ ကိုယ်ပိုင် Harmony OS operating system ကို ထည့်သွင်းအသုံးပြုနိုင်ခဲ့ပြီ ဖြစ်ပါသည်။

Mate 70 စမတ်ဖုန်းသည် ၅၄၉၉ ယွမ် (ဒေါ်လာ ၇၅၈) တန်ဖိုးရှိပြီး Mate series များထဲတွင် အကောင်းဆုံး ဖုန်းအမျိုးအစားဖြစ်ကြောင်း၊ Huawei ကုမ္ပဏီမှ မိတ်ဆက်မည့် နောက်ဆုံးပေါ်ဖုန်းများတွင်လည်း ကိုယ်ပိုင် Harmony OS operating system ကိုသာ ဆက်လက် သုံးစွဲသွားမည်ဖြစ်ကြောင်း Huawei နည်းပညာကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Richard Yu က ပြောကြားလိုက် ပါသည်။

Huawei မှ မိတ်ဆက်လိုက်သည့် Harmony OS သည် အမေရိကန်နည်းပညာထုတ်ကုန် semiconductor များ အပေါ် မှီခိုနေမှုကို အဆုံးသတ်စေပါသည်။ ယခုအခါ operating system ကို စတင်အသုံးပြုလိုက်ခြင်း ဖြစ်သည့်အတွက် Huawei ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ system အသစ်ကို သုံးစွဲသူများက ပြောင်းလဲသုံးစွဲလာ စေရေး ဆွဲဆောင်ရန် လိုအပ်နေသေးကြောင်း တရုတ် နည်းပညာရှင် Lucas Zhong က ပြောကြားလိုက်သည်။

ယခုနှစ်အတွင်း Huawei ကုမ္ပဏီမှ ထုတ်လုပ်သည့် ဒေါ်လာ ၆၀၀ တန် ဖုန်းအမျိုးအစားများသည် ဈေးကွက် ထဲတွင် ရောင်းအား ၁၁ %  မှ ၃၃ % အထိ တိုးတက် လာခဲ့ပြီး Apple ထုတ် premium ဖုန်းများ၏ ရှယ်ယာသည် ၇၂ % မှ ၅၂ % သို့ ကျဆင်းသွားခဲ့သည်။

အမေရိကန်နိုင်ငံ၏ ပိတ်ဆို့မှုများကြောင့်   Honor budget ဖုန်းများ  ထုတ်လုပ်၍ ဖြေရှင်းလာခဲ့ရာမှ  ယခု မိတ်ဆက်လိုက်သည့် Harmony OS operating system သည် Huawei ကုမ္ပဏီအတွက် အောင်မြင်မှု တစ်ခု ဖြစ်လာခဲ့ချေပြီ။ 

ကိုးကား(CNN)