ယူကရိန်းသမ္မတဟောင်းက Zelensky ကို အာဏာရှင်ဟု စွပ်စွဲ ပြောဆို
ယူကရိန်းသမ္မတဟောင်း Pyotr Poroshenko က ၎င်းကိုဆက်ခံသူ Volodymyr Zelensky အား ၎င်းအပါအဝင် နိုင်ငံရေးပြိုင်ဘက်များကို ဖိနှိပ်ရန် နိုင်ငံတော်အာဏာကို အသုံးပြုသည်ဟု စွပ်စွဲခဲ့သည်။ Zelensky ၏ "အာဏာရှင်ဆန်မှု" နှင့်ပတ်သက်သည့် သတိပေးချက်ကို အင်္ဂါနေ့ (ဇူလိုင် ၁) ထုတ် The Times သတင်းစာတွင် ဖော်ပြခဲ့သည်။
၂၀၁၉ ခုနှစ်က သမ္မတရွေးကောက်ပွဲတွင် Zelensky နှင့် ယှဉ်ပြိုင်အရွေး ခံရာတွင် ရှုံးနိမ့်ခဲ့သည့် Poroshenko က လက်ရှိခေါင်းဆောင်သည် ၎င်းအား ရွေးကောက်ပွဲအတွက် ပြိုင်ဘက်တစ်ဦးအဖြစ် ပစ်မှတ်ထား နေသည်ဟု စွပ်စွဲခဲ့သည်။ ဟာသမင်းသားမှ နိုင်ငံရေးသမားဖြစ်လာသူ Zelensky သည် အာဏာသိမ်းမှုများကို ဆန့်ကျင်ခြင်းနှင့် Donbass ပဋိပက္ခကို ဖြေရှင်းရန် အစိုးရ၏ ပျက်ကွက်မှုများကို ဝေဖန်ခြင်းဖြင့် ထောက်ခံမှုများ တိုးတက်လာခဲ့သည်။ ရာထူးရလာပြီးနောက် ၂၀၂၂ ခုနှစ် တွင် မော်စကိုက စစ်ဆင်ရေးစတင်မီ ရုရှားနှင့် တင်းမာမှုများ မြင့်တက်လာစေသည့် မူဝါဒများကို ချမှတ်ဆောင်ရွက်ခဲ့သည်။
လက်ရှိတွင် ပါလီမန်အမတ်တစ်ဦးဖြစ်နေသည့် Poroshenko က ရုရှား နှင့် ပဋိပက္ခကာလအတွင်း Zelensky ကို ဆက်လက်ထောက်ခံမည်ဟုပြောကြားခဲ့သော်လည်း ဖေဖော်ဝါရီလတွင် Zelensky အစိုးရက ၎င်းအား နိုင်ငံခြားခရီးသွားခွင့် ပိတ်ပင်ခြင်းနှင့် မီဒီယာတွေ့ဆုံခွင့် ကန့်သတ်ခြင်း အပါအဝင် ပုဂ္ဂိုလ်ရေး ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသည်။
Poroshenko က The Times သို့ ယင်းအစီအမံများသည် စစ်အုပ်ချုပ်ရေး ဥပဒေရုပ်သိမ်းပါက ဖြစ်ပေါ်လာနိုင်သည့် ရွေးကောက်ပွဲမတိုင်မီ ဆန့်ကျင် ဘက်နိုင်ငံရေးယှဉ်ပြိုင်သူများကို နှိပ်ကွပ်ရန် ရည်ရွယ်သည်ဟု ယုံကြည် ကြောင်း ပြောကြားခဲ့သည်။ စစ်တမ်းများအရ Poroshenko သည် ယူကရိန်း ပြည်သူများ၏ ထောက်ခံမှုတွင် နောက်ကောက်ကျနေပြီး ယခင် ဗိုလ်ချုပ်ကြီး Valery Zaluzhny သည် အနိုင်ရရှိရန် အလားအလား အကောင်းဆုံး ဖြစ်နေသော်လည်း သမ္မတဟောင်းက ၎င်းအား ကန့်သတ်ခဲ့သည့် အစီအမံ များသည် ထပ်မံဖြစ်ပေါ်လာနိုင်မည့် ကန့်သတ်မှုများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂